Ch 1429 - 1431

81 7 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 102

Chapter-7

(သံစဥ်ကိုးခုဝိညာဥ် အင်မော်တယ်သစ်သီး)

"အရှင်ယီယွမ် ဟုတ်လား… သူ… သူ့ရဲ့ခွန်အားက အစွမ်းထက်တယ်ဆိုပေမဲ့ ကောင်းကင်ဘုံမြင်ယောင်ခြင်းအဆင့်ကို မရောက်ရှိသေးဘူးလေ… ဟုတ်တယ်မလား….." ပိုင်ချန်းက သံသယအချို့ရှိနေဟန်ဖြင့် ပြောဆိုလိုက်သည်။

နန်းတော်သခင်နေရာအတွက် ယှဥ်ပြိုင်မှုတွင် ကောင်းကင်ဘုံမြင်ယောင်ခြင်းအဆင့် ခွန်အားမရှိလျှင် စကားဝင်ပြောရန် မဖြစ်နိုင်ပေ။

နန်းတော်သခင်ဟောင်း၏ သေဆုံးခြင်းက အလွန်ရုတ်တရက်ဆန်လွန်းပြီး ပိုင်ချန်းကို အချိန်မီ ရာထူးလွှဲအပ်ပေးနိုင်ခြင်း မရှိခဲ့ပေ။ သို့ဖြစ်၍ လက်ရှိအချိန်၌ ကောင်းကင်ဘုံမြင်ယောင်ခြင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်မှ ပိုင်ချန်းဖက်တွင် ရပ်တည်ခြင်း မရှိခဲ့ကြပေ။

ယခုအချိန်တွင် သူမှီခိုနိုင်သောသူက မိုယွင်တစ်ဦးတည်းသာ ဖြစ်ပေ၏။

ကန္တာရတောအုပ်တွင် ယီယွမ်ထုတ်ဖော်ပြသခဲ့သော ခွန်အားက အမှန်တကယ် အံ့မခန်းအစွမ်းထက်နေခဲ့ပြီး မယုံနိုင်စရာကောင်းပေသည်။

သို့သော် သူထုတ်ဖော်ပြသခဲ့သော ကျင့်ကြံခြင်းအဆင့်က နက်နဲခြင်းဂူ ပြည့်စုံခြင်းအဆင့်သာ ရှိနေပေသေး၏။

သူ၏ ဓားတာအို ဥပဒေသများ နားလည်သဘောပေါက်မှုက အလွန့်အလွန် မြင့်မားသည်ဟု ပြောနိုင်ပေ၏။ သို့သော် စစ်မှန်သော ကောင်းကင်ဘုံမြင်ယောင်ခြင်းအဆင့် ပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရာတွင်မူ ထိုအရာက ပြည့်စုံလုံလောက်ခြင်း မရှိသေးပေ။

ကောင်းကင်ဘုံမြင်ယောင်ခြင်းအဆင့် ပုဂ္ဂိုလ်များ၏ ရှေ့မှောက်တွင် နက်နဲခြင်းဂူအဆင့် သိုင်းပညာရှင်များက စကားထဲထည့်ပြောရန်ပင် မလုံလောက်ပေ။

မိုယွင်က ပြောဆိုလိုက်သည်။ "ငါမသိဘူး… ဒါပေမဲ့ အရှင်ယီယွမ်က အပေါ်ယံမှာ မြင်နေရသလောက် မရိုးရှင်းလောက်ဘူးလို့ ငါခံစားနေရတယ်… သူက ငါတို့ကို ကယ်ဆယ်ဖို့အတွက် ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့သူ ဖြစ်နိုင်တယ်… သခင်ငယ်… နန်းတော်သခင်ဟောင်းရဲ့ သေဆုံးမှုက သခင်ငယ်အတွက် ကြီးမားတဲ့ ထိုးနှက်မှုတစ်ခုဆိုတာ သိပါတယ်… ဒါပေမဲ့ အခုအချိန်မှာ သခင်ငယ်က အားတင်းထားရမယ်… နန်းတော်သခင်ဟောင်း သေဆုံးသွားခဲ့ပြီ… တကယ်လို့ သူ့ရဲ့ အခြေခံအုတ်မြစ်ကိုပါ ဆုံးရှုံးသွားစေခဲ့မယ်ဆိုရင် ငါတို့က သူ့ကို နောင်တမလွန်မှာတွေ့ရင် မျက်နှာပြနိုင်တော့မှာ မဟုတ်ဘူး….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now