1504 - 1506

82 5 4
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 107

Chapter-7

(ရန်ကြွေးက အချိန်နဲ့အမျှ ကြီးမားလာခြင်း)

ပြောင်းလဲခြင်းနှစ်ခု နက်နဲခြင်းရွှေဆေးလုံးအတွက် လိုအပ်သော ဝိညာဥ်ဆေးပင်များက ရှားပါးသော်လည်း မိစ္ဆာဆေးခန်းမ၏ အင်အားက အပေါ်ယံ
အလှပြထားခြင်းသက်သက် မဟုတ်ပေ။

အချိန်လဝက်အတွင်း ဝိညာဥ်ဆေးပင် အမျိုးအစားအားလုံးကို ယီယွမ်အား ကူညီစုဆောင်းပေးမည်ဟု မုန့်ချီက ပြောခဲ့သည်။

မုန့်ချီ၏ အတွေးကို ယီယွမ်ကလည်း ကောင်းစွာရိပ်မိပေသည်။ အချိန်လဝက်ကြာပြီးနောက် သူက တာအိုရှင်းလင်းပြောကြားရန် သူတို့ထံသို့ နောက်တစ်ကြိမ် ပြန်လာခဲ့မည်ဟု ယီယွမ်ကလည်း ကတိပေးခဲ့၏။

ဤအရာအားလုံး လုပ်ဆောင်ပြီးနောက် ယီယွမ်က တစ်ယောက်တည်း ထွက်သွားခဲ့သည်။

လီကျီက နေရစ်ခဲ့လိုခြင်း မရှိသော်လည်း လက်ရှိအခြေအနေတွင် သူမက မည်သည့်အရာမှ လုပ်ပေးနိုင်ခြင်းမရှိ၍ ကူရာကယ်ရာမဲ့နေခဲ့၏။

ယီယွမ်က အသိတစ်ရာခန်းမသို့ သတင်းစုံစမ်းရန် သွားရောက်မည်ဖြစ်၍ သူမက အခြားနေရာများကို သွားရောက်ခြင်းမရှိဘဲ မိစ္ဆာဆေးခန်းမတွင်သာ နေရစ်ခဲ့သည်။

ယခုအချိန်တွင် လီကျီက မုန့်ချီ၏အမြင်၌ ကလေးမလေးတစ်ယောက် မဟုတ်တော့ပေ။

သူမက ဘာပြောခဲ့တာလဲ… အဲဒီအမှောင်ညက သူမရဲ့လူလား…..

ဤဆက်ဆံရေးကို သူက မည်သည့်အတွက် အကောင်းဆုံးအသုံးမချဘဲ နေနိုင်မည်နည်း။

အစွမ်းအထက်ဆုံးက မည်သည့်အရာဖြစ်သနည်း။

ယောက်ျားတစ်ယောက်၏ လက်သီးမဟုတ်ဘဲ မိန်းမတစ်ယောက်၏ ခေါင်းအုံးပေါ်မှ ပြောစကားပင် ဖြစ်သည်။

ထိုဆေးလုံးတစ်သုတ်ကိစ္စအတွက်မူ ဖြေရှင်းရန် ပိုမိုလွယ်ကူပေ၏။

မုန့်ချီက ချက်ချင်းဆုံးဖြတ်ချက်ချ၍ ဖန်းမိသားစုကို လူရင်းစျေးနှုန်းဖြင့် တစ်ဝက်ရောင်းပြီး ကျန်တစ်ဝက်ကို လက်ဆောင်ပေးလိုက်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now