1510 - 1512

98 7 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 107

Chapter-13

(ဖိအားပေးပြီး အဆင့်တက်ထားတာလား)

ယနေ့တွင် သွေးတိုက်ပွဲခန်းမ၏ အဓိကစင်မြင့် အထူးတန်းပွဲကြည့်စင်တွင် လူများပြည့်လျှံနေခဲ့သည်။

ထိုသိုင်းပညာရှင်များ၏ မျက်နှာတွင် အရူးအမူးဖြစ်နေသော အမူအရာများ ရှိနေခဲ့သည်။ ထိုအရာက သူတို့၏နှလုံးသားထဲမှ ထွက်ပေါ်လာသော လေးစားမှုပင် ဖြစ်သည်။

'သွေးတိုက်ပွဲဘုရင်' သွေးတိုက်ပွဲခန်းမသို့ ပြန်ရောက်လာသော သတင်းတစ်ခုတည်းကပင် သူတို့ကို ရူးသွပ်သွားစေရန် လုံလောက်နေပြီဖြစ်၏။

သွေးတိုက်ပွဲခန်းမတွင် နေ့စဥ်နေ့တိုင်း လာရောက်ကြည့်ရှုကြသော လူအားလုံးက အရူးအမူးစွဲလမ်းနေသည့် တစ်ဖက်စွန်းရောက်နေသူများ ဖြစ်ပေ၏။

မိစ္ဆာမျိုးနွယ်က တိုက်ခိုက်ခြင်းကို မြတ်နိုးကြပြီး သူတို့ကမူ ရန်လိုသူများအနက်မှ ပိုမိုရန်လိုသူများဖြစ်ပေသည်။

ထို့ကြောင့် သူတို့အားလုံးက 'သွေးတိုက်ပွဲဘုရင်'ကို အဆုံးမရှိအောင် လေးစားနေခဲ့ကြ၏။

ခါရှင်းက ဤနေရာတွင် ဒဏ္ဍာရီဖြစ်ပြီး သူတို့ အလေးစားဆုံး အသည်းစွဲသိုင်းပညာရှင် ဖြစ်ပေသည်။

"ဟားဟား… ငါနှစ်ပေါင်းနှစ်ရာစောင့်ခဲ့ရတယ်… မင်းသားခါရှင်းက နောက်ဆုံးမှာတော့ နောက်တစ်ကြိမ် ပြန်တိုက်ခိုက်တော့မှာပဲ… ဒီတစ်ကြိမ်က သူအနားမယူခင် နောက်ဆုံးတိုက်ခိုက်တဲ့အကြိမ် ဖြစ်သွားနိုင်တယ်လေ… ငါက ဒီတိုက်ပွဲကို လွဲသွားလို့မဖြစ်ဘူး….."

"မင်းက မင်းသားခါရှင်း အနိုင်ရမယ်လို့ ဘယ်လောက်လောင်းကြေးထပ်ခဲ့လဲ….."

"ဟဲဟဲ… ငါက ပိုင်ဆိုင်သမျှအားလုံး ပုံအောပြီး လောင်းကြေးထပ်ခဲ့တယ်… ဒီလိုအနိုင်သေချာတဲ့ လောင်းကစားမျိုးကို ဘာအတွက် တုံ့ဆိုင်းနေမှာလဲ… မင်းကရော ဘယ်လောက်လောင်းကြေးထပ်ခဲ့လဲ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now