Book(97)Ch 1-3(or)Ch 1347 - 1349

99 6 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(97)

Chapter-1

(အစစ်အမှန်ပုံစံ ထွက်ပေါ်လာခြင်း)

ညအချိန်တွင် လူတစ်ယောက်က အသင်္ချေရတနာမျှော်စင်အတွင်းသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

သို့သော် ဟုန်ရင်က ထိုလူကိုမြင်လိုက်ချိန်တွင် ထိတ်လန့်တုန်လှုပ်သွားခဲ့၏။

ထိုလူ၏ ခန္ဓာကိုယ်တွင် ဦးခေါင်းမှခြေဖျားအထိ သွေးများဖုံးလွှမ်းနေသည်ကိုသာ မြင်လိုက်ရ၏။ သူက သွေးကန်တစ်ခုအတွင်းမှ ထွက်လာခဲ့သည်နှင့် တူညီနေခဲ့ပြီး ကြည့်ရသည်မှာ အလွန်ကြောက်စရာကောင်းနေခဲ့၏။

"လော့ကျန့်… ရှင်… ရှင်ဘာဖြစ်ခဲ့တာလဲ… ဆရာယီဘယ်မှာလဲ….."

ဟုန်ရင်က ရောက်ရှိလာသူကို မှတ်မိသွားခဲ့၍ ကပျာကယာ ရှေ့တိုးလာခဲ့ပြီး  ကူညီတွဲထူပေးလိုက်သည်။

ထိုလူက လော့ကျန့်မှလွဲ၍ အခြားသူမဟုတ်ပေ။

"မျှော်စင်သခင်နဲ့တွေ့ဖို့ ငါ့ကို မြန်မြန်ကူညီပေးပါ… မြန်မြန်လေး….." လော့ကျန့်က ပြောဆိုခဲ့၏။

"အင်း… ကျွန်မရှင့်ကို အခုချက်ချင်း ကူညီပေးပါ့မယ်….." ဟုန်ရင်က ပြောလိုက်သည်။

ထိုအချိန်တွင် ဖုန့်ဖျင်က အတွင်းခန်းမအတွင်းမှ ထွက်လာခဲ့ပြီး ရေရွတ်လိုက်၏။ "လော့ကျန့်… မင်းက ဘာကြောင့် အခုလို ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့တာလဲ… မြန်မြန်အထဲဝင်ခဲ့… ငါမင်းကို ကုသပေးမယ်….."

လော့ကျန့်၏ မျက်နှာက လူသေကောင်သဖွယ် ဖြူဖျော့နေခဲ့သည်။ ဖုန့်ဖျင်ကိုမြင်သော် သူက အားနည်းစွာ ပြောဆိုလိုက်၏။ "အကြီးအကဲဖုန့်ရဲ့ စေတနာအတွက် ကျေးဇူးအများကြီးတင်ပါတယ်… ဒါပေမဲ့ အခုအခြေအနေက အရေးကြီးနေပါတယ်… ကျုပ်ရဲ့ဒဏ်ရာတွေကို နောက်မှကုသတာ အကောင်းဆုံးပါပဲ….."

ဖုန့်ဖျင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ပြောဆိုလိုက်သည်။ "လော့ကျန့်… ဘာတွေဖြစ်နေတာလဲ… မင်းက ယီယွမ်ကို ယင်ဓာတ်လေလိုဏ်ဂူဆီ လိုက်ပို့တာ မဟုတ်ဘူးလား… သူက ဘယ်မှာလဲ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now