Ch 1198 - 1200

100 11 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 87

Chapter-4

(လော့ယန်ခန်းမကို ခိုးဝင်ခြင်း)

မုန့်ကွမ်း၏ မျက်နှာအမူအရာက အလွန်ရုပ်ဆိုးနေခဲ့သည်။ သူက အမှန်တကယ်ပင် ကြောက်ရွံ့လာခဲ့ပေ၏။

"ငါပြောမယ်… ညီလေးရဲ့ချင်… မင်းရဲ့အစ်ကိုကို မမြှောက်ပင့်ပါနဲ့… ငါ့ရဲ့မပြောပလောက်တဲ့အစွမ်းကို ငါကောင်းကောင်းသိပါတယ်… ဒီကိစ္စမှာ ငါလုပ်နိုင်တာက ထူးဆန်းတဲ့ရနံ့ကို  သတိပြုမိတဲ့အချိန်မှာ နှာခေါင်းပိတ်ထားလိုက်မိလို့ပဲ… ညီလေးရဲ့ချင်… မင်းက ငါ့ကို အန္တရာယ်ထဲမှာ မထားရစ်ခဲ့ပါနဲ့ကွာ….." 

မူလတွင် လမင်းအော်သံအဖွဲ့သို့ ဝင်ရောက်ခြင်းကြောင့် အဖွဲ့၏ ကြီးကျယ်အောင်မြင်မှုမှ အကျိုးကျေးဇူးအနည်းငယ်  ရရှိနိုင်မည်ဟု မုန့်ကွမ်းက ထင်ထားခဲ့သည်။ ကျားပါးစပ်ထဲသို့ သိုးငယ်လေးတစ်ကောင်အနေဖြင့် ဝင်ရောက်လာခဲ့မိမည်ဟု သူက လုံးဝမျှော်လင့်မထားခဲ့ပေ။ သူက မည်သည့်အတွက် မထိတ်လန့်ဘဲနေနိုင်မည်နည်း။

သို့သော်လည်း သူ၏ခွန်အားဖြင့်ဆိုလျှင် ထွက်ပြေးလွတ်မြောက်ရန် နည်းလမ်းလုံးဝမရှိကြောင်း မုန့်ကွမ်းက သိရှိပေသည်။

လက်ရှိအချိန်၌ ယီယွမ်က သူ၏ ကယ်တင်ရှင်ဖြစ်ပေသည်။

ထိုစကားကိုကြားသော် ယီယွမ်က ပြုံး၍ ပြောဆိုလိုက်၏။ "စိတ်အေးအေးထားပါ အစ်ကိုမုန့်… ကျွန်တော့်ဆီမှာ စိတ်ကြည်လင်ခြင်းဆေးလုံးတစ်လုံး ရှိပါတယ်… ဒီဆေးလုံးကို အမှုန့်ချေလိုက်ပါ… အမှုန့်ဖြစ်နေတဲ့ဆေးရဲ့  ငါးပုံတစ်ပုံစားသုံးလိုက်ရင် အဲဒီရနံ့ကို ခုခံသွားနိုင်ပါလိမ့်မယ်… ဒီရက်အနည်းငယ်အတွင်းမှာ အပြင်မထွက်တာ အကောင်းဆုံးပဲ… ကျွန်တော့်မှာ လုပ်စရာကိစ္စလေးအချို့ ရှိနေပါသေးတယ်… ဒီကိစ္စတွေပြီးသွားပြီဆိုရင် ကျွန်တော်က အစ်ကို့ကို ခေါ်ထုတ်သွားပေးပါ့မယ်….."

မုန့်ကွမ်းက ဆေးလုံးကို လက်ခံပြီး တစ်ချက်ကြည့်လိုက်၏။ ထိုဆေးလုံးက အဆင့်(9) အဆင့်အမြင့်ဆုံးအဆင့် ဆေးလုံးတစ်လုံး ဖြစ်နေခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now