Ch 1222 - 1224

95 12 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book   88

Chapter-13

(မိစ္ဆာကပ်ဘေး ဖြစ်ပေါ်လာခြင်း)

နတ်တန်ခိုးရှင်အဆင့်သို့ ရောက်ရှိလိုလျှင် ခန္ဓာကိုယ်အတွင်း၌ ဆန်းကြယ်ချီများ ပြည့်လျှံနေရန် မရှိမဖြစ်လိုအပ်ပေသည်။

သို့သော် လက်ရှိနတ်ဘုရားနယ်မြေတွင် ဆန်းကြယ်ချီများ ရှိနေသောနေရာကို မသိရတော့သည်မှာ အချိန်အလွန်ကြာမြင့်နေပြီဖြစ်၏။

အကယ်၍ ယီယွမ်၏ တာအိုဆန့်ကျင်ခြင်းဆေးလုံးက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော အစွမ်းမျိုး အမှန်တကယ်ရှိနေခဲ့လျှင်ပင် ဆန်းကြယ်ချီများ ခန္ဓာကိုယ်အတွင်း၌ ပြည့်လျှံနေခြင်းမရှိလျှင် အဆုံးသတ်တွင် ထိုအရာကလည်း ကျရှုံးသွားရပေလိမ့်မည်။

သို့ဖြစ်၍ ဖန့်ထျန်းနှင့်လုံထန့်တို့က ယီယွမ်၏ ရည်ရွယ်ချက်ကို ကောင်းမွန်သောအရာဟု မထင်ခဲ့ကြပေ။

သူတို့၏အမြင်တွင် ယီယွမ်က ဤတန်ဖိုးရှိသောအချိန်ကို အသုံးပြု၍ ကျင့်ကြံပြီး နတ်ဘုရားတာအို ဥပဒေသများကို ဆင်ခြင်လေ့လာခြင်းကသာ မှန်ကန်သောနည်းလမ်းဖြစ်သည်။

သို့သော် ယီယွမ်က ထိုသို့မတွေးခဲ့ကြောင်း ထင်ရှားပေသည်။

"စီနီယာတို့… ခန်အိုက ကျွန်တော်တို့ကို အချိန်အများကြီးပေးမှာ မဟုတ်ဘူး… ပြီးတော့ ကျွန်တော်က ခန်အိုကို သတ်ပစ်ချင်တယ်ဆိုရင်  အနည်းဆုံးအနေနဲ့ နတ်ဘုရားတာအို ဥပဒေသတွေကို မူလဇာစ်မြစ် နတ်တန်ခိုးရှင်အဆင့်အထိ နားလည်ထားဖို့လိုအပ်တယ်… ဒါပေမဲ့ ကျွန်တော်က မူလဇာစ်မြစ် နတ်တန်ခိုးရှင်အဆင့်အထိ နားလည်နေခဲ့ရင်တောင် ကျွန်တော်က ခန်အိုကို သေချာပေါက်သတ်ပစ်နိုင်မယ်လို့ ယုံကြည်ချက် အပြည့်အဝ မရှိဘူး… ဒါကြောင့် နတ်ဘုရားကျရှုံးခြင်းတောင်တန်းက ကျွန်တော့်ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာပဲ….." ယီယွမ်က အေးအေးဆေးဆေး ပြောဆိုလိုက်သည်။

သူက ဆုံးဖြတ်ချက်ချပြီးသွားပြီ ဖြစ်သည်။ ဖန့်ထျန်းနှင့်လုံထန့်က သူ့ကို မည်သို့နားချစေကာမူ သူက ဆုံးဖြတ်ချက်ပြောင်းမည် မဟုတ်ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now