1459 - 1461

93 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 104

Chapter-7

(အသက်ကို စတေး၍ စွန့်စားခြင်း)

"ငါ… ငါ လက်မခံနိုင်ဘူး….."

အလွန်ပြင်းထန်သော လက်မခံလိုသည့် စိတ်ဆန္ဒနှင့်အတူ ချင်ထျန်း၏ မျက်လုံးများက တဖြည်းဖြည်း မှေးမှိတ်လာခဲ့ပေသည်။

သူက နှစ်ပေါင်းတစ်သိန်းအတွင်း ဝူမုန့်မြို့ကြီး၏ အထူးချွန်ဆုံး ကျောင်းသားဖြစ်သည်။ အကယ်၍ မတော်တဆဖြစ်ရပ်များ မရှိခဲ့လျှင် သူက နတ်သခင်အဆင့်သို့ပင် တက်ရောက်နိုင်ပေ၏။

တစ်နေ့တွင် ယီယွမ်ဟုခေါ်သော ကောင်လေးတစ်ယောက် ထွက်ပေါ်လာခဲ့ပြီး သူ၏တောက်ပမှုအလင်းရောင် အားလုံးကို လုယူသွားခဲ့သည်။

နက်နဲခြင်းဂူအဆင့်သာ ရှိနေသေးသော လူသစ်လေးက မူလဇာစ်မြစ် တစ်ပိုင်းအဆင့်ဖြစ်သော သူ၏ တောက်ပမှုကို အမှန်တကယ် ဖုံးအုပ်ထားခဲ့သည်။

မကြာသေးခင်အချိန်အထိ ချင်ထျန်း၏အမြင်တွင် ယီယွမ်က အလွယ်တကူ ဖိနှိပ်သတ်ဖြတ်၍ရသော ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်နေခဲ့သည်။

တစ်နေ့တွင်မူ ထိုပုရွက်ဆိတ်လေးက ရုတ်တရက် ကြီးထွားလာခဲ့ကြောင်း သူက အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ပေ၏။

သူ့ကို ခြိမ်းခြောက်ရန် လုံလောက်သော အခြေအနေအထိ ကြီးထွားလာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကောင်းကင်ခြေတောင်ကုန်းကမ္ဘာ အတွင်းသို့ လျှို့ဝှက်ဝင်ရောက်ပြီး သူ့ကိုသတ်ဖြတ်ရန်အတွက် ချင်ထျန်းက တွန့်ဆုတ်ခြင်းမရှိခဲ့ပေ။

သို့သော် နောက်ဆုံးရလဒ်မှာ သူ၏သေဆုံးခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့ရသည်။

သူတို့မျိုးဆက်တွင် ကောင်းကင်ဘုံမှ ချီးမြှင့်ပေးထားခဲ့သည့် အစွမ်းထက်သော ထူးချွန်သူတစ်ယောက်က ယခုအချိန်တွင် ဤနေရာ၌ သေဆုံးသွားခဲ့ပြီဖြစ်၏။

"ဒါက… မျက်စိတစ်မှိတ်အတွင်းမှာ မူလဇာစ်မြစ် နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်နှစ်ယောက်ကို သတ်ပစ်ခဲ့တယ်… သူက အဲဒါကို ဘယ်လိုလုပ်နိုင်ခဲ့တာလဲ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now