Book ( 115 ) Ch 1 to 5 ( or ) Ch 1797 - 1799

45 5 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(115)

Chapter-1

(အေးခဲငှက်တောင်၏ စီနီယာကျမှု)

ကောင်းကင်ထက်တွင် ဝိညာဥ်စွမ်းအင်များ တစ်ဟုန်ထိုး စုဝေးအုံကြွလာခဲ့ပြီး ဧရာမလေပွေကြီးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

ကြောက်စရာကောင်းသော ဝိညာဥ်စွမ်းအင် လှုပ်ရှားမှုက လူအများကို စိတ်နှလုံးတုန်ယင်စေသော ခံစားချက်တစ်ခု ခံစားရစေခဲ့၏။

ပို၍ပို၍ များပြားသော သိုင်းပညာရှင်များက ဤနေရာတွင် စုဝေးနေခဲ့ကြပြီး ယခုကဲ့သို့ ဖြစ်ရပ်ကြီးတစ်ခုကို မည်သူက ဖြစ်ပျက်စေခဲ့ကြောင်း မြင်တွေ့လိုနေခဲ့ပေသည်။

"အဲဒါ… အဲဒါက အကြီးအကဲယီ မဟုတ်လား….."

"အကြီးအကဲယီ ဟုတ်လား… ဘယ်အကြီးအကဲယီလဲ….."

"ဘယ်အကြီးအကဲယီ ဖြစ်ရဦးမှာလဲ… လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာက ဟင်းလင်းပြင်ဝိညာဥ် နတ်အဆင့် ကျယ်ပြန့်သောနေမင်း စကြဝဠာဆေးလုံးကို ဖော်စပ်ခဲ့တဲ့ အကြီးအကဲယီပေါ့….."

"အဲဒါတကယ်ပဲပေါ့… သူ… သူက အကွာအဝေး အမွေအနှစ်ထဲကို ဝင်သွားခဲ့တာ မဟုတ်ဘူးလား… သူက ဘာလို့ အခုအချိန်မှာ အပြင်ထွက်လာခဲ့တာလဲ…."

"မင်းက ငတုံးလား… သူက သိုင်းမျှော်စင်ကနေ ထွက်လာနိုင်ပြီဆိုမှတော့ အကွာအဝေး အမွေအနှစ်ကို ရရှိသွားခဲ့ပြီလို့ ရှင်းရှင်းလင်းလင်း ဖော်ပြနေတာပဲလေ… မင်းက သူ့ကိုကြည့်လိုက်… သူက မူလဇာစ်မြစ် နတ်တန်ခိုးရှင်အဆင့်မှာ ရှိနေသေးပေမဲ့ လေထဲမှာ ပျံသန်းနေနိုင်ပြီလေ….."

"ဝိုး… သူက တကယ်ကို ကြောက်စရာကောင်းတယ်… နှစ်ပေါင်းတစ်ရာ ကုန်ဆုံးသွားတော့ လူတိုင်းက သူ့ရဲ့ တည်ရှိမှုကို မေ့လျော့လုနီးပါး ဖြစ်သွားခဲ့တယ်… သူက အမှန်တကယ် ပြန်ရောက်လာခဲ့မယ်လို့ ဘယ်သူကမှ ထင်ထားခဲ့ကြမှာ မဟုတ်လောက်ဘူး… သူက အကွာအဝေး အမွေအနှစ်ကနေ ထွက်လာခဲ့တဲ့ ပထမဆုံးသူပဲ….."

……….

ထိုသူက ယီယွမ်ဖြစ်ကြောင်း သိရှိမှတ်မိသွားချိန်တွင် သူတို့အားလုံးက အလွန့်အလွန် အံ့ဩသွားခဲ့ကြသည်။

You've reached the end of published parts.

⏰ Last updated: Apr 15 ⏰

Add this story to your Library to get notified about new parts!

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now