Ch 1146 - 1148

101 9 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 83

Chapter-13

(မင်းပြောတာ တော်တော်လေး အဓိပ္ပာယ်ရှိတယ်)

ငါးမန်းတစ်၏ ရယ်စရာကောင်းသော မျက်နှာအမူအရာကိုမြင်သော် ယီယွမ်က ရယ်ချင်သွားခဲ့သည်။

ငါးမန်းတစ်က အလွန်ပါးနပ်လှသည်။ ယီယွမ်က ဖီးနစ်ကိုးကောင်ကျွန်း အကြောင်းကို လုံးဝမသိထားသည့်အတွက် ယီယွမ်ထံ၌ သန့်စင်မျက်လုံးတံဆိပ်ပြား ရှိမည်မဟုတ်ကြောင်း ငါးမန်းတစ်က သေချာသိပေသည်။

ဖီးနစ်ကိုးကောင်ကျွန်းသို့ ရောက်ရှိလာချိန်တွင် ယီယွမ်က သူတို့၏ တံဆိပ်ပြားများအား  လုယူသွားမည့်အဖြစ်ကို ငါးမန်းတစ်က အလွန်ကြောက်ရွံ့နေခဲ့သည်။

တံဆိပ်ပြားတစ်ခုက လူတစ်ယောက်ကိုသာ ဝင်ရောက်ခွင့်ပြုပေ၏။ ကျန်လူများက ကျွန်း၏အပြင်ဖက်တွင် စောင့်ဆိုင်းနေရပေလိမ့်မည်။

အကယ်၍ ယီယွမ်ကသာ သူတို့၏ တံဆိပ်ပြားနှစ်ခုကို ယူဆောင်သွားမည်ဆိုလျှင် ငါးမန်းတစ်၏ ခရီးက ဆုံးရှုံးမှုဖြင့်သာ အဆုံးသတ်သွားပေလိမ့်မည်။

"ငါက မင်းတို့ရဲ့ တံဆိပ်ပြားကို လုယူမယ်လို့ ဘယ်တုန်းက ပြောမိလို့လဲ….." ယီယွမ်က ရယ်မော၍ ပြောဆိုလိုက်သည်။

ထိုစကားကိုကြားသော် လူတိုင်းက အံ့အားသင့်သွားခဲ့ကြ၏။

"အရှင်… သူတို့ရဲ့ တံဆိပ်ပြားတွေကို  မလုယူဘူးဆိုရင် ကျွန်းပေါ်ကို  ဘယ်လိုဝင်ကြမှာလဲ… အဲဒီမီးဝိညာဥ်တွေက တော်တော်လေး အစွမ်းထက်နေပုံပဲ… ပြီးတော့ မြူခိုးအတားအဆီးက လျှို့ဝှက်ခင်းကျင်းထားတဲ့  အစီအရင်တွေကို လွှမ်းခြုံဖုံးကွယ်ထားတာနဲ့ တူတယ်… အဲဒါကို ဖြတ်ကျော်ဖို့ မလွယ်ကူပါဘူး….." အောင်းချမ်က ပြောလိုက်သည်။

"ဟုတ်ပါတယ် သခင်လေးကျိ… နှစ်ပေါင်းအများကြီး ကြာလာတာတောင် တံဆိပ်ပြားမပါဘဲ ကျွန်းပေါ်ကို ဝင်ရောက်လာနိုင်တဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူးလို့ ငါးမန်းတစ်က ပြောပြထားပါတယ်….." အကြီးအကဲထန်ကလည်း ပြောလိုက်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now