Ch 1534 - 1536

73 7 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 109

Chapter-7

(မှုန်ဝါးခြင်းဓားသိုင်း)

"အဲဒါက အသုံးမဝင်ဘူး… မင်းရဲ့ အကွာအဝေး ဥပဒေသတွေက အစွမ်းထက်ပေမဲ့ မင်းနားလည်ထားတဲ့ အဆင့်က နိမ့်ကျလွန်းနေတယ်… လက်လျှော့လိုက်တော့….." အေးစက်သော အမျိုးသမီးက တည်ငြိမ်စွာ ပြောဆိုခဲ့သည်။

"ဟဟ… အဲဒီလို မဖြစ်နိုင်ပါဘူး… ထပ်ပြီးတိုက်ခိုက်ကြရအောင်….."

ယီယွမ်၏ ခန္ဓာကိုယ်က လှုပ်ရှားသွားခဲ့ပြီး အရိပ်သတ်ဖြတ်ခြင်းကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်သည်။

အေးစက်ပုံရသော အမျိုးသမီးက စကားမပြောတော့ပေ။ ရေခဲနယ်မြေ ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး ဓားဖျားမှတစ်ဆင့် ယီယွမ်၏ ပတ်ဝန်းကျင်ကို အလွတ်ပေးခဲ့ခြင်းမရှိပေ။

သူတို့နှစ်ယောက်က ဥပဒေသစွမ်းအားများတွင် ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြပေသည်။ ဤအရာက ပထမဆုံးအကြိမ်အဖြစ် ယီယွမ်၏ ဥပဒေသစွမ်းအားက ပြိုင်ဖက်ကောင်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်း ဖြစ်ပေသည်။

သူက သူ၏ရွေ့လျားခြင်းပညာရပ်ကို အကန့်အသတ်အထိ ထုတ်သုံးနေခဲ့သော်လည်း ထိုအမျိုးသမီး၏ ရေခဲနယ်မြေကို ထိုးဖောက်ထွက်နိုင်ခြင်း မရှိသေးပေ။

သူမ၏ ရေခဲနယ်မြေက ပိုက်ကွန်ကြီးတစ်ခုသဖွယ် ယီယွမ်၏ လက်နှင့်ခြေကို တုပ်နှောင်နေခဲ့သည်။

အမှန်တကယ်တွင် ဤအမျိုးသမီးက ယီယွမ်၏ပြိုင်ဖက် မဟုတ်ပေ။

ယီယွမ်၏ အစစ်အမှန် တိုက်ကွက်က အရိပ်သတ်ဖြတ်ခြင်း အခြေအနေအောက်တွင် မိုးသောက်ချိန်ကို ထုတ်ဖော်အသုံးပြုခြင်း ဖြစ်ပေသည်။

မိုးသောက်ချိန် တိုက်ကွက်က ကောင်းကင်အောက်ရှိ အသင်္ချေတမျှသော သိုင်းကွက်များကို ပျက်စီးစေ၏။

အထူးသဖြင့် ယီယွမ်က ဓားကွက်များနှင့် ပတ်သက်၍ အလွန့်အလွန် ခံစားလွယ်ပေသည်။ အေးစက်ပုံပေါ်သော အမျိုးသမီး၏ အားနည်းချက်ကို သူက အစောကြီးကတည်းက သိရှိထားခဲ့ပြီးဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now