Ch 1405 - 1407

96 7 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 100

Chapter-13

(သုံးကြိမ်တိုင်တိုင် အရိုအသေပေးခြင်း)

"ဒါက… ပညာရှိကျောက်တုံးက ဘာတွေမှားယွင်းနေတာလဲ….."

ဝမ်ရိယန်က ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ပြီး ပညာရှိကျောက်တုံးကို မယုံနိုင်ဟန်ဖြင့် ကြည့်နေခဲ့သည်။

ခရက်… ခရက်… ခရက်…..

ပညာရှိကျောက်တုံးပေါ်တွင် ထင်ရှားသော အက်ကွဲကြောင်းများ အမှန်တကယ် ထွက်ပေါ်လာခဲ့၏။

လူတိုင်းက ဤမြင်ကွင်းကိုမြင်သော် မသိလိုက်မသိဘာသာဖြင့် ကြောက်ရွံ့တုန်လှုပ်လာခဲ့ကြပြီး  မည်သို့ဖြစ်ပျက်နေခဲ့သည်ကို နားမလည်နိုင်ခဲ့ကြပေ။

"စီနီယာ… ဘာတွေဖြစ်နေတာလဲ… အသေးစား ကောင်းကင်တံတားတောင်ရဲ့ သက်ရောက်မှုကြောင့်လား….." ယီယွမ်က အမှုန်မဲ့ကို မေးမြန်းခဲ့၏။

"ဟမ့်… ဒီပညာရှိကျောက်တုံးက နတ်သခင်တစ်ယောက်ရဲ့
နက်နဲခြင်းရတနာလေးပဲလေ… အသေးစား ကောင်းကင်တံတားတောင်ကို လေ့လာဆန်းစစ်ရဲတယ်ဆိုတော့ အဖိုးကြီးတစ်ယောက် အဆိပ်သောက်လိုက်သလိုမျိုး  ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနေတာ မဟုတ်ဘူးလား….." အမှုန်မဲ့က အထင်သေးစွာ ပြောဆိုလိုက်သည်။

ယီယွမ်က ခေါင်းကိုက်သွားခဲ့၏။ အကယ်၍ ထိုကျောက်တုံးသာ ပျက်စီးသွားခဲ့လျှင် ဝူမုန့်အကယ်ဒမီက သူ့ကို သံသယဝင်လာမည်မှာ သေချာပေသည်။

"စီနီယာ… စီနီယာက အသေးစား ကောင်းကင်တံတားတောင်ကို စွမ်းအားပြန်ရုတ်သိမ်းအောင် လုပ်ဆောင်နိုင်လား… ဒီလိုပုံစံအတိုင်းဆိုရင် ကျွန်တော်က ပြဿနာတက်ပါလိမ့်မယ်….." ယီယွမ်က ခါးသီးစွာပြုံး၍ ပြောဆိုလိုက်၏။

အမှုန်မဲ့က ပြုံး၍ ပြောဆိုခဲ့သည်။ "မင်းက အသေးစား ကောင်းကင်တံတားတောင်ကို သန့်စင်ခဲ့တာလေ… မင်းကိုယ်တိုင် ကြိုးစားမကြည့်ဘဲ ငါ့ကို ဘာလို့လာမေးနေတာလဲ….."

ယီယွမ်က အံ့အားသင့်သွားခဲ့ပြီး ကပျာကယာပင် ဖရိုဖရဲ ကောင်းကင်တံတားကျမ်းကို တိတ်တဆိတ် ထုတ်ဖော်၍ အသေးစား ကောင်းကင်တံတားတောင်နှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now