Ch 1125 - 1127

101 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 82

Chapter-7

(လိပ်နက်ရတနာခန္ဓာ နတ်ဘုရားပညာရပ်)

"နတ်ဘုရားတာအို ဥပဒေသတွေက တကယ်ပဲ နက်နဲကျယ်ပြန့်တယ်… ဓားတာအိုမှာ ငါ့ရဲ့နားလည်သဘောပေါက်မှုက တော်တော်မြင့်မားတယ်လို့ ငါထင်ထားခဲ့မိတယ်… ဒါပေမဲ့  အခုအချိန်မှပဲ ငါက အခြေခံအဆင့်ကိုတောင် နားမလည်သေးဘူးဆိုတာ  သိသွားခဲ့တယ်….." ယီယွမ်က ခံစားချက်များစွာပါဝင်သော လေသံဖြင့် တီးတိုးပြောဆိုလိုက်၏။ 

ဓားတာအိုတွင် ယီယွမ်၏ အရည်အချင်းက အလွန့်အလွန် မြင့်မားလှသည်။ ထိုအချက်ကို အန္တိမဓားဒီဗိုင်းဘုရင်ကပင် သူ၏နိမ့်ကျမှုကြောင့် ရှက်ရွံ့သွားခဲ့ခြင်းမှတစ်ဆင့် သိနိုင်ပေ၏။

ပြန်လည်ရှင်သန်ပြီးနောက် ဓားတာအိုတွင် ယီယွမ်က ချောချောမွေ့မွေ့ ရှေ့ဆက်နိုင်ခဲ့ပြီး အတားအဆီးများနှင့် ကြုံတွေ့ရခြင်းမရှိခဲ့ပေ။

နှစ်ပေါင်းနှစ်ဆယ်အတွင်း ယီယွမ်က အန္တိမအစစ်အမှန်အသိကို အဆင့်ကိုးအထိ နားလည်သွားခဲ့ပေသည်။ ထိုအရာကြောင့် ယီယွမ်က  အစွမ်းထက်သည်ဟု ပြောရပေမည်။ 

သို့သော် စောစောလေး၌ နတ်ဘုရားစာလုံးများတွင် ပါဝင်သော ဓားတာအို ဥပဒေသစွမ်းအားများကို ခံစားမိလိုက်ချိန်မှသာ သူက မည်မျှအထိ အဆင့်နိမ့်ကျ​နေသေးကြောင်း သိရှိသွားခဲ့သည်။ 

နတ်ဘုရားတာအို လမ်းစဥ်က အစစ်အမှန် မဟာတာအို ဖြစ်ပေ၏။

"ဒါပေါ့… အတိအကျပဲ… အကြွင်းမဲ့ကောင်းကင်သခင်က ဓားတာအို မဟာသခင် တစ်ယောက်ပဲ… သူ့ရဲ့ ဓားတာအို ဉာဏ်အလင်းတွေက ​ပြီးပြည့်စုံမှုအဆင့်ကို ရောက်ရှိနေခဲ့ပြီ… မင်းအာရုံခံစားမိခဲ့တဲ့ နတ်ဘုရားစာလုံးတွေကို မိစ္ဆာသုတ်သင်ခြင်းဓားအညွှန်းလို့ ခေါ်တယ်… အဲဒါက မိစ္ဆာသုတ်သင်ခြင်းဓားကို သူအသုံးပြုတဲ့အခါ အသက်သွင်းတဲ့နည်းလမ်းပဲ….." ကောင်းကင်ဝေးကွာခြင်းက ပြောဆိုလိုက်သည်။

ထိုစကားကိုကြားသော် ယီယွမ်ကလည်း ထိုအဆင့်အထိ ရောက်ရှိလိုခဲ့သည်။ အကြွင်းမဲ့ကောင်းကင်သခင်က ကြီးမားသော အရည်အချင်းကို ပိုင်ဆိုင်ထားသည့် အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်ပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now