Ch 1262 - 1264

101 11 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 91

Chapter-7

(ကျောက်လူသားများနှင့် နောက်တစ်ကြိမ် တိုက်ခိုက်ခြင်း)

"ဒါက… ဒါက အထွတ်အမြတ် နဂါးတံဆိပ်ရဲ့ အစစ်အမှန်စွမ်းအားလား….."

ဤမြင်ကွင်းကိုမြင်သော် ယီယွမ်က အလွန်အမင်း
ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

ပေပေါင်းခုနစ်သောင်းကျော် မြင့်မားသော တောင်တစ်လုံးကို မိစ္ဆာသုတ်သင်ခြင်းဓားဖြင့် အမျက်ဒေါသဓား မီးကြာပန်းကို ထုတ်ဖော်တိုက်ခိုက်မည်ဆိုလျှင်ပင် ယခုကဲ့သို့ အခြေအနေမျိုးအထိ လုပ်ဆောင်နိုင်ရန် လုံးဝမဖြစ်နိုင်ပေ။

သို့သော် အထွတ်အမြတ် နဂါးတံဆိပ်ကမူ ထိုအရာကို အလွယ်တကူ လုပ်ဆောင်နိုင်ခဲ့သည်။

"ဟဲဟဲ… ဒီစွမ်းအားက အထွတ်အမြတ် နဂါးတံဆိပ်ရဲ့ စွမ်းအားအစွန်အဖျားပဲ ရှိနေသေးတယ်… တကယ်လို့ မူလဇာစ်မြစ် နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်က အထွတ်အမြတ် နဂါးတံဆိပ်ကို အသုံးပြုမယ်ဆိုရင် တောင်တွေကိုရွှေ့ပြီး ပင်လယ်တွေကိုဖြည့်ဖို့က အသေးအဖွဲကိစ္စတစ်ခုပဲ….." ဘိုးဘေးကြီးက ရယ်မော၍ ပြောဆိုလိုက်သည်။

"အာ….." ယီယွမ်က ရုတ်တရက်ပင် မျက်မှောင်ကုတ်သွားခဲ့သည်။

"မင်းက အဆင့်တက်တော့မှာလား….." ဘိုးဘေးကြီးက ယီယွမ်ကို အံ့ဩနေဟန်ဖြင့် ကြည့်နေခဲ့၏။

လက်ရှိအချိန်တွင် ယီယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ သဘာဝစွမ်းအင်များက လှုပ်ရှားနေခဲ့ပြီး သူ၏အဆင့်က အလွန်အမင်း မတည်မငြိမ် ဖြစ်လာခဲ့သည်။ သူက အဆင့်တက်ရောက်တော့မည့် လက္ခဏာဖြစ်ကြောင်း သိသာထင်ရှားလှပေ၏။

ယီယွမ်က ခေါင်းညိတ်၍ ပြောဆိုလိုက်သည်။ "အထွတ်အမြတ် နဂါးတံဆိပ်က မြင့်မြတ်ဘိုးဘေး သွေးအဆီအနှစ်ကို စုပ်ယူပြီးတော့ များပြားလွန်းတဲ့ နတ်ဘုရားစွမ်းအင်တွေကို ပြန်ထုတ်ပေးတယ်… ဒါကြောင့် ကျွန်တော့်ကို တံခါးဝအဆင့် ချိုးဖျက်နိုင်ဖို့ တိုက်ရိုက်ကူညီပေးခဲ့တာပဲ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now