Book(94)Ch 1-3(or)Ch 1301 - 1303

97 6 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(94)

Chapter-1

(အံ့အားသင့်ဖွယ်ရာ ကြုံတွေ့မှု)

"ကောင်စုတ်လေး… မင်းက  နောက်ဆုံးတော့ နိုးလာခဲ့ပြီပေါ့….."

ယီယွမ်က သတိပြန်ဝင်လာသည့် အခိုက်အတန့်၌ အမှုန်မဲ့၏အသံကို ကြားလိုက်ရပေသည်။

သူက သတိပြန်ဝင်လာကာစဖြစ်ပြီး မျက်လုံးပင် ဖွင့်မကြည့်နိုင်ခဲ့ပေ။

နှလုံးသားကို ထွင်းဖောက်နိုင်သည်အထိ ပြင်းထန်သော နာကျင်မှုတစ်ခုကို ခံစားခဲ့ရ၍ ယီယွမ်၏ နတ်ဘုရားစိတ်ဝိညာဥ်က တုန်ယင်သွားခဲ့သည်။

သို့သော် သူက နာကျင်စွာ ညည်းတွားနိုင်ခြင်းပင် မရှိခဲ့ပေ။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို သူမပိုင်တော့သကဲ့သို့ ခံစားနေခဲ့ရသည်။

"စီနီယာအမှုန်မဲ့… ကျွန်တော်… ကျွန်တော် မသေသေးဘူးလား….."

သူ၏ ဆန်းကြယ်စွာ အသက်ရှင်သန်ခဲ့မှုကို ယီယွမ်ကိုယ်တိုင်လည်း အလွန်အံ့ဩနေခဲ့သည်။

အကွာအဝေးမုန်တိုင်းကို ပြန်တွေးကြည့်လိုက်ချိန်တွင် ယီယွမ်က ယခုအချိန်အထိ ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်၏။

ပြင်းထန်သော အကွာအဝေးစွမ်းအင်များ၏ ရှေ့မှောက်တွင် ယီယွမ်က သေမျိုးတစ်ယောက်သဖွယ် အလွန်အားနည်းနေခဲ့သည်။

ယီယွမ်က သူ၏ပညာရပ်များကို  အစွမ်းကုန်ထုတ်၍
အသုံးပြုခဲ့သည့်တိုင် မုန်တိုင်း၏ အဖျက်အဆီးစွမ်းအင်များကို တောင့်ခံနိုင်စွမ်းမရှိခဲ့ပေ။

နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်က ဦးခေါင်းမှခြေဖျားအထိ မထိခိုက်သောနေရာ မရှိတော့သည်အထိ မုန်တိုင်း၏ သက်ရောက်မှုကို ခံယူခဲ့ရသည်။ သူ၏ အစွမ်းထက်သော ခန္ဓာကိုယ်စွမ်းအားနှင့် အာဏာရှင်နဂါး အင်အားပြန်လည်ပြည့်ဝစေခြင်း ပညာရပ်ကြောင့်သာ မဟုတ်ခဲ့လျှင် ယီယွမ်က ခန္ဓာကိုယ်ပင် ကျန်ရှိနိူင်ခဲ့မည် မဟုတ်တော့ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now