Ch 1369 - 1371

91 8 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 98

Chapter-7

(ကွေယွင်၏ခွန်အား)

မည်သို့ပင်ဆိုစေကာမူ ဝမ်စုန့်က ယန်လွေ့၏ အဆင့်အတန်းကို အနည်းငယ် စိုးရိမ်ထိတ်လန့်နေဆဲပင် ဖြစ်သည်။ ထိုအရာကြောင့်ပင် သူက သေစေနိုင်သော တိုက်ခိုက်မှုတစ်ခုဖြင့် မတိုက်ခိုက်ခဲ့ခြင်းဖြစ်၏။

သို့ရာတွင် သူ့နောက်တွင် ဝမ်မိသားစုရှိနေသည့်အပြင် သူ၏အရည်အချင်းနှင့် ခွန်အားက ထူးချွန်မြင့်မားပေသည်။ သူက ယန်လွေ့ကို အလေးထားခြင်း လုံးဝမရှိပေ။

သူ၏ မောက်မာမှုက ရပ်ကြည့်နေကြသော လူတိုင်းကို ဆွံ့အသွားစေခဲ့သည်။

ယန်လွေ့က မတ်တတ်ထရပ်ရန် ကြိုးစားနေခဲ့ပြီး ဝမ်စုန့်ကို စိုက်ကြည့်၍ ပြောဆိုလိုက်၏။ "မင်းမှာ အစွမ်းရှိတယ်ဆိုရင် ငါ့ကိုသတ်လိုက်လေ....."

ယန်လွေ့က ထိုမျှအထိ ဆုံးဖြတ်ချက်ခိုင်မာနေမည်ဟု ဝမ်စုန့်က မျှော်လင့်မထားခဲ့ပေ။ သို့သော် ယန်လွေ့၏ ခေါင်းမာမှုက ဝမ်စုန့်၏ လူသတ်လိုစိတ်ကို ပိုမိုမြင့်မားလာစေခဲ့သည်။

"ဟမ့်... သတ္တိရှိနေတာပဲ... မင်းက ငါ့ရဲ့ အကန့်အသတ်စည်းကို စိန်ခေါ်နေတာလား... ဒါဆိုရင်တော့ မင်းဆန္ဒအတိုင်းပဲ....."

ဝမ်စုန့်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး အသင်္ချေရတနာမျှော်စင်ထံသို့ သွားရောက်ခဲ့၏။

အစွမ်းထက်သော အော်ရာအရှိန်အဝါက သူ့ကို လူတိုင်း စေ့စေ့မကြည့်ရဲစေရန် လုပ်ဆောင်နေခဲ့သည်။

ဤအခိုက်အတန့်တွင် လူတစ်ယောက်က မျှော်စင်အတွင်းမှ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာခဲ့ပြီး ဝင်ပေါက်ကို ပိတ်ဆို့ထားခဲ့၏။

ဝမ်စုန့်က မျက်မှောင်ကုတ်သွားခဲ့ပြီး အထင်သေးစွာ ပြောဆိုလိုက်သည်။ "နက်နဲခြင်းဂူ အလယ်အလတ်အဆင့် တစ်ယောက်က ရထားလုံးကို တားဆီးဖို့ ကြိုးစားတဲ့ ရှိခိုးကောင်တစ်ကောင်ဖြစ်ဖို့ အရဲစွန့်လုပ်ဆောင်ရဲတာလား... ဒီမြို့ပိုင်ရှေ့ကနေ ထွက်သွားစမ်း....."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now