Book (113) Ch 1 - 3 (or) Ch 1767 - 1769

39 1 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(113)

Chapter-1

(ကောင်းကင်ဘုံအကြောင်းကို ငါက မင်းထက် ပိုပြီးနားလည်တယ်)

ကောင်းကင်ဘုံအပြစ်သားက သူ၏ခွန်အားကို ယွဲ့မုန့်လီအား ပြသလိုသော ရည်ရွယ်ချက် ရှိနေခဲ့သည်။ ဤတစ်ကြိမ် လက်ညှိုးညွှန်လိုက်ချိန်တွင် တိမ်တိုက်များပင် အရောင်ပြောင်းသွားခဲ့၏။ ဖန့်ထျန်းက လေထဲတွင် ရှိနေဆဲဖြစ်ပြီး ကမ္ဘာကြီး၏ အဆုံးသတ်နေ့ကို ရောက်ရှိလာသကဲ့သို့ ခံစားနေခဲ့ရသည်။

ဤအရာက မိုးကောင်းကင်တာအို၏ အစစ်အမှန်စွမ်းအား ဖြစ်သည်။

မိုးကောင်းကင်စစ်ဆေးခြင်း ဖြစ်စေ၊ စိတ်ဝိညာဥ်စစ်ဆေးခြင်း ဖြစ်စေ ဤလက်ချောင်း၏ ရှေ့မှောက်တွင် အလွန်အားနည်းနေခဲ့ပေသည်။

"ဒါက… ဒါက ဘယ်လိုစွမ်းအားမျိုးလဲ….."

"ကြောက်စရာကောင်းလွန်းတယ်… အတိတ်တုန်းက ယီယွမ်နဲ့ခန်အိုရဲ့ တိုက်ပွဲကြီးက ဒီလက်ချောင်းရဲ့ ရှေ့မှောက်မှာ စကားထဲထည့်ပြောဖို့တောင် မလိုတော့ဘူး….."

"ပြီးသွားပြီ… ဒီတစ်ကြိမ်မှာတော့ တကယ်ကို အဆုံးသတ်သွားပြီ… ငါတို့ရဲ့ အင်မော်တယ်ဂရုနယ်မြေက တကယ်ကို ကံဆိုးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပဲ… နှစ်ပေါင်းတစ်ရာပဲ ကြာမြင့်သေးပေမဲ့ ကပ်ဘေးကြီးတစ်ခုက တကယ်ပဲ ထပ်ပေါ်လာခဲ့တယ်….."

ဥပဒေထိန်းသိမ်းရေးခန်းမ၏ လူများအားလုံးက စိတ်ဓာတ်ကျနေသော အမူအရာများ ထွက်ပေါ်လာခဲ့ကြသည်။

အတိတ်တွင် ယီယွမ်က လွှမ်းမိုးနိုင်သော အသွင်အပြင်ဖြင့် ဆိုးရွားလှသည့် အခြေအနေကို ပြောင်းလဲပေးနိုင်ခဲ့၏။

ဒါပေမဲ့ အခုတော့ ငါတို့ရဲ့ရှေ့မှာ ဘယ်သူက ကာကွယ်ပေးနိုင်တော့မှာလဲ…..

ဖန့်ထျန်းက ပထမဆုံးတစ်ယောက်ဖြစ်သည်။ ထို့နောက် ဒုတိယတစ်ယောက်၊ တတိယတစ်ယောက် အစရှိသဖြင့် ဆက်ရှိလာပေလိမ့်မည်။

ဤလက်ချောင်း၏ ရှေ့မှောက်တွင် ဖန့်ထျန်းက ခုခံကာကွယ်ရန် အတွေးလုံးဝမဝင်ခဲ့ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now