Book(90)Ch 1-3(or)Ch 1240 - 1242

104 13 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(90)

Chapter-1

(အကွာအဝေး သလင်းကျောက်)

ကန္တာရနယ်မြေကိုမြင်သော် ကျူးကော့ချင်ရွှမ်က ချက်ချင်းပင် မျက်နှာပျက်သွားခဲ့သည်။

ဤမီးကျွမ်းနေသောကန္တာရတွင် အပူဓာတ်ကျန်ရှိနေပေသေး၏။ မြေပြင်က မီးသွေးနက်ရောင်အဖြစ် လောင်ကျွမ်းထားခဲ့ပေသည်။

ဤသို့စွမ်းဆောင်နိုင်သူများက နတ်ဘုရားနယ်မြေတွင် အများကြီးမရှိပေ။

ဤအခြေအနေ​က သူတို့၏ စောစောလေးမှ ခန့်မှန်းချက်ကို ပိုမိုခိုင်မာသွားစေခဲ့သည်။

ကိုယ်တိုင်ရှေ့သို့ထွက်လာပြီး တောင်ပေါ်တက်ရန် တောင်းဆိုသည့် ထိုလူငယ်လေးက ယီယွမ်ဖြစ်နေရန် ရာခိုင်နှုန်းပိုများပေ၏။

ထိုသို့တွေးလိုက်မိသည့်အတွက် ကျူးကော့ချင်ရွှမ်က ယင်ကောင်စားမိလိုက်သလိုပင် စိတ်မသက်မသာဖြစ်သွားခဲ့၏။

"ယီယွမ်ရဲ့ သဘာဝမီးလျှံက သန့်စင်ခြင်း စန္ဒကူးကြာပန်းမီးလျှံပဲ... ပြီးတော့ အဲဒီမီးလျှံက ကမ္ဘာဦးစိတ်ဝိညာဥ်ကို မွေးဖွားနိုင်ခဲ့ပြီးပြီ... အဲဒါရဲ့စွမ်းအားက အံ့မခန်းပဲ... ဒီနေရာမှာရှိတဲ့ အရာရာတိုင်းကို သူလုပ်သွားခဲ့တာဖြစ်မယ်....." လူအိုကြီးဟန်က ကျူးကော့ချင်ရွှမ်ကို အဓိပ္ပာယ်ပါပါကြည့်၍ ပြောဆိုလိုက်သည်။

"အဲဒါကို ဒီအရှင်လည်းသိတယ်... မင်းပါးစပ်ကနေ ထုတ်ပြောဖို့ မလိုဘူး... နေနှင့်ဦးပေါ့ကွာ... ဒီအရှင်က သူ့ကို ဖမ်းမိတဲ့အခါကျရင် သေချာပေါက် ခြေလက်တွေကို ဆွဲဖြုတ်ပစ်မယ်....."

ကျူးကော့ချင်ရွှမ်က လူအိုကြီးဟန်ကို အေးစက်စွာကြည့်၍ ပြောဆိုလိုက်သည်။

လူအိုကြီးဟန်က ကျူးကော့ချင်ရွှမ်၏ အပြုအမူကို ဂရုမစိုက်ခဲ့ဘဲ အသာအယာပြုံး၍ ထပ်မံပြောဆိုလိုက်သည်။ "ဒီနယ်မြေက ကိုယ်ပိုင်နေရာတစ်ခု ဖြစ်နေတယ်ဆိုတော့ နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်က မဟာနတ်ဘုရားစွမ်းရည်နဲ့ ဖွင့်လှစ်ဖန်တီးထားတာ ဖြစ်လိမ့်မယ်... ဒီနေရာမှာ ပစ္စည်းကောင်းတွေ ရှိနေဖို့များတယ်....."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now