Ch 1357 - 1359

85 8 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 97

Chapter-10

(မျှော်စင်သခင်ကို ဒီအရာပေးအပ်မယ်)

"မင်းတို့တွေ ကြားပြီးကြပြီလား… အသင်္ချေရတနာမျှော်စင်က သတင်းထုတ်ပြန်ထားတယ်… သူတို့က ဆေးလုံးအမျိုးအစားအသစ် တစ်မျိုးကို ထုတ်လုပ်ရောင်းချမယ်တဲ့… အဲဒီဆေးလုံးကို ဘာလို့ခေါ်တာပါလိမ့်….."

"စွမ်းအင်ကျင့်ကြံခြင်းဆေးလုံး….."

"ဟုတ်တယ်… ဟုတ်တယ်… ဟုတ်တယ်… အဲဒါက စွမ်းအင်ကျင့်ကြံခြင်းဆေးလုံးပဲ… အစွမ်းထက်ပြီးတော့ အရည်အသွေးကောင်းတယ်တဲ့… ဒီစွမ်းအင်ကျင့်ကြံခြင်းဆေးလုံးရဲ့ ဆေးစွမ်းသက်ရောက်မှုက စွမ်းအင်တိုးပွားဆေးလုံးရဲ့ နှစ်ဆအထိ မြင့်မားတယ်လို့ ငါကြားထားတယ်….."

"မင်းကလည်း အဲဒါကို ယုံကြည်တယ်လား… အဲဒါတွေကို စျေးထဲမှာ ဂေါ်ဖီထုပ်တွေ ရောင်းသလို ရောင်းချနိုင်တယ်လို့ မင်းက ထင်လို့လား… နှစ်ဆပိုမြင့်မားတယ်ဆိုတာက ဘယ်လိုဟာမျိုးလဲလို့ မင်းက သိရဲ့လား….."

"သဘာဝကျတယ်… အဲဒါက ဒီအခြေအနေအပေါ်မှာ အသင်္ချေရတနာမျှော်စင်က ထပ်ပြီး ငြိမ်မနေနိုင်တော့လို့ ဒီလိုလှည့်ကွက်မျိုးကို  တမင်သက်သက် လွှင့်ပြီးတော့ ဝယ်သူတွေကို ဆွဲဆောင်နေတာလို့ ငါထင်တယ်… ရိုးရိုးသားသားပြောရမယ်ဆိုရင် ငါတို့ ရတနာတောင်ကုန်းမြို့ အသင်္ချေရတနာမျှော်စင်က တကယ်ကို အားနည်းလွန်းတယ်….." 

"အင်း… ဒါပေမဲ့ အသင်္ချေရတနာမျှော်စင်ရဲ့ ယှဥ်ပြိုင်ဖို့အတွက် ဝမ်မိသားစုရဲ့ လုပ်ဆောင်မှုတွေက ငါတို့လို အောက်ခြေအဆင့် သိုင်းပညာရှင်တွေကို အကျိုးအမြတ်ရရှိစေတယ်… အသင်္ချေရတနာမျှော်စင်က လှုပ်လှုပ်ရှားရှားဖြစ်အောင် လုပ်နိုင်လား မလုပ်နိုင်ဘူးလားဆိုတာ ငါတို့က စောင့်ကြည့်နေရုံနဲ့ မြင်တွေ့ရလိမ့်မယ်….."

………

အသင်္ချေရတနာမျှော်စင်မှ  ထုတ်ပြန်ခဲ့သော ထိုသတင်းက ရတနာတောင်ကုန်းမြို့တွင် ပျံ့နှံ့သွားခဲ့ပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now