Ch 1561 - 1563

68 7 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 111

Chapter-4

(ကောင်းကင်သွေး ခြင်ဆီပြောင်းလဲခြင်း ဆေးလုံး)

ဟွမ်ချမ်၏ တစ်ကိုယ်လုံးက ပြင်းပြင်းထန်ထန် စတင်တုန်ယင်လာခဲ့ပြီး သူ၏ ဦးခေါင်းမှခြေဖျားအထိ ရွှေရောင်သွေးများ စီးကျလာခဲ့သည်။

သူ၏ တစ်ကိုယ်လုံးက သွေးလူသားတစ်ယောက်ကဲ့သို့ ဖြစ်လာခဲ့ပြီး ကြည့်ရသည်မှာ အလွန်ကြောက်စရာကောင်းနေခဲ့၍ လူအများကို တုန်လှုပ်သွားစေခဲ့၏။

ဤအသွင်အပြင်က အလွန်ဆိုးရွားလွန်းပေသည်။

သို့ရာတွင် ဟွမ်ချမ်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ သူက အမှန်တကယ်ပင် အလွန့်အလွန် မြင့်မြတ်သော ပုံစံမျိုး ပေါ်နေခဲ့၏။

ဤအရာက လူအများကို ထင်ထင်ရှားရှား ကွဲပြားမှုတစ်ခု မြင်တွေ့စေခဲ့ရာ ထိုဖြစ်ရပ်က မည်သည့်အရာကို ဆိုလိုကြောင်း လူတိုင်းက နားမလည်ခဲ့ကြပေ။

ယီယွမ်က ဟွမ်ချမ်စားရန်အတွက် မည်သို့သောဆေးလုံးမျိုးကို ပေးအပ်ခဲ့ကြောင်း သူတို့အားလုံးက အလွန်သိချင်နေခဲ့ကြသည်။

"နင်စစ်ယွီ… မင်းက အခုနောက်ပြန်ဆုတ်လာခဲ့တော့… သူက ရူးသွပ်သွားတော့မယ်… ပြီးတော့ ခင်ဗျားက သူ့ကို ထိန်းချုပ်ပါ… သူက လူတွေကို ထိခိုက်အောင် လုပ်ခွင့်မပေးနဲ့….." ယီယွမ်က ဟွမ်ဟောက်ရန်ကို ပြောဆိုခဲ့၏။

ဤအချိန်တွင် ဟွမ်ချမ်၏ မျက်နှာအမူအရာက တွန့်လိမ်လာခဲ့ပြီး သူ၏တစ်ကိုယ်လုံးက စိတ်ရိုင်းဝင်တော့မည့် အခြေအနေတွင် ရောက်ရှိနေခဲ့ပြီဖြစ်သည်။

ဟွမ်ချမ်က မူလဇာစ်မြစ် နတ်တန်ခိုးရှင်အဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး သူ၏ခွန်အားက အားနည်းခြင်းမရှိပေ။

သူက စိတ်ရိုင်းဝင်သွားသည်နှင့် အဖျက်အဆီးစွမ်းအားက အလွန်ကြီးမားပေလိမ့်မည်။

သူ့တူလေး၏ ဝေဒနာခံစားနေရပုံကို မြင်တွေ့ချိန်တွင် ဟွမ်ဟောက်ရန်က စိုးရိမ်ပူပန်နေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now