Book(98)Ch 1-3(or)Ch 1363 - 1365

92 7 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(98)

Chapter-1

(ခင်ဗျားတို့အားလုံးက ဘာမှမလုပ်နိုင်ဘူး)

"ဟား... ဟားဟားဟား... ဟာသပဲ... တကယ်ရယ်စရာကောင်းတယ်....."

အဝေးတွင်ရှိနေသော ဝမ်ယုရှန်း၏ လှောင်ပြောင်ရယ်မောသံ ထွက်ပေါ်လာခဲ့သည်။

ဤအခြေအနေတွင် သူတို့ကို ယီယွမ်က လှည့်စားခဲ့ကြောင်း ကျန်လူများက မည်သည့်အတွက် မသိဘဲနေတော့မည်နည်း။

အစကတည်းက စွမ်းအင်ကျင့်ကြံခြင်းဆေးလုံး ရောင်းချခွင့်ကို သူတို့ထံသို့ ပေးအပ်ရန် ယီယွမ်ထံ၌ အစီအစဥ်မရှိခဲ့ပေ။ ဤသို့လုပ်ဆောင်ခဲ့ခြင်းမှာ သူတို့အချင်းချင်း တိုက်ခိုက်ကြစေရန်သာ ဖြစ်သည်။

သူတို့အုပ်စုက အကျိုးအမြတ်ရရန်အတွက် အချင်းချင်းအပေါ် ရက်စက်သော လူယုတ်မာများဖြစ်နေခဲ့ကြ၍ ဘေးတွင်ရှိနေသော ယီယွမ်က ပြပွဲကောင်းတစ်ခုကို မျှော်လင့်မထားဘဲ မြင်တွေ့ခဲ့ရ၏။

ဝမ်စု၏မျက်နှာက တင်းမာနေခဲ့ပြီး သူက ပြောဆိုလိုက်သည်။ "ယီယွမ်... မင်းက ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းပြီးတော့ ငါတို့ကို ကစားရဲတယ်လား....."

ယီယွမ်က အသာအယာပြုံး၍ ပြောဆိုခဲ့၏။ "ကတိတည်ရတယ်ဆိုတာက လူကြီးလူကောင်းတွေ အတွက်ပဲလေ... ခင်ဗျားတို့အားလုံးက ယုံကြည်လို့မရတဲ့ လူယုတ်မာတွေပဲ... အဲဒီစကားကိုပြောဖို့ ဘာအဆင့်ရှိလို့လဲ... ဒီနေ့ ခင်ဗျားတို့ကို ဆေးလုံးရောင်းချခွင့် ပေးလိုက်ရင် ခင်ဗျားတို့က အနာဂတ်မှာ အသင်္ချေရတနာမျှော်စင်ကို လာပြီးတိုက်ခိုက်ကြမှာပဲ... ဒါပေမဲ့ စောစောက ပြပွဲကတော့ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတယ်... ဒီယီမျိုးရိုးကို ခင်ဗျားတို့အားလုံးရဲ့ အစစ်အမှန်ပုံစံ မြင်တွေ့ရအောင် လုပ်ဆောင်ပေးခဲ့တာပဲ... ဟဲဟဲ....."

ယီယွမ်၏စကားများက သူတို့၏ ဖုံးကွယ်ဟန်ဆောင်ထားမှုကို အညှာအတာမဲ့စွာ ဆုတ်ဖြဲပစ်ခဲ့သည်။

စောစောလေးမှ သူတို့၏ လုပ်ဆောင်မှုက လူပြက်တစ်ယောက် ဖျော်ဖြေနေခြင်းနှင့် တူညီပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now