Ch 1319 - 1321

85 6 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 95

Chapter-4

(ဝမ်မိသားစု၏ အရှက်ခွဲမှု)

"ဟေး… ကလေး… မိသားစုခေါင်းဆောင်က ဒီနေ့မအားဘူး… မင်းက အရင်ဆုံး ပြန်သွားလိုက်တော့… တကယ်လို့ မင်းက သူနဲ့တွေ့ချင်တယ်ဆိုရင် မနက်ဖြန်မနက်ကျ ဒီမှာစောင့်နေလိုက်….."

အိမ်တော်ထိန်းနှင့်တူသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က လက်ရှိအချိန်၌ ယီယွမ်ကို မောက်မာစွာ အော်ဟစ်ပြောဆိုနေခဲ့သည်။

ယီယွမ်က လျန့်မိသားစုခြံဝင်း အတွင်းသို့ ချိုးဖျက်ဝင်ရောက်ပြီး လူကယ်ဆယ်ခဲ့သည်မှာ အချိန်သုံးရက် ကြာမြင့်သွားခဲ့ပြီဖြစ်၏။

ဤသုံးရက်အချိန်အတွင်း ယီယွမ်က ဝမ်မိသားစု၏ တံခါးစောင့်တဲအိမ်အတွင်း၌ နေ့စဥ် နံနက်ခင်းတိုင်း လာရောက်စောင့်ဆိုင်းနေခဲ့သည်။

နံနက်ခင်းမှ နေဝင်သွားသည်အထိ စောင့်ဆိုင်းနေခဲ့ပြီး သူက ထိုစကားကိုသာ နေ့တိုင်းကြားခဲ့ရ၏။

ဤအခြေအနေက သူ့ကို ဝမ်လင်းပေါ်က တမင်သက်သက် အချိန်ဆွဲနေခြင်းဖြစ်ကြောင်း ယီယွမ်က သိရှိပေသည်။

သို့သော် ယီယွမ်က မကျေမနပ်ဖြစ်မှု အနည်းငယ်ပင် ပေါ်ထွက်လာခဲ့ခြင်းမရှိပေ။ သူက တံခါးစောင့်ကို နှုတ်ဆက်၍ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ထွက်ခွာသွားသော ယီယွမ်၏ နောက်ကျောကို ကြည့်နေရင်း တံခါးစောင့်ကလည်း အလွန်အံ့ဩစရာကောင်းသည်ဟု ခံစားနေခဲ့ရ၏။

"ဒီကလေးက တကယ်ကို စိတ်ဓာတ်ခိုင်မာတာပဲ… တကယ်လို့ သူ့နေရာမှာ အခြားသူတွေဖြစ်နေရင် သူတို့က အစောကြီးကတည်းက ဒီအခြေအနေကို သည်းခံနိုင်တော့မှာမဟုတ်ဘူး….." တံခါးစောင့်က တီးတိုးရေရွတ်လိုက်သည်။

ဤရက်အနည်းငယ်အတွင်း သူတို့က နည်းလမ်းအများအပြားကို အသုံးပြု၍ ယီယွမ်ကို အခက်အခဲတွေ့စေရန် လုပ်ဆောင်ခဲ့ကြ၏။ ရုတ်တရက် ရန်လိုသော နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့သည့်အပြင် ယီယွမ်၏ မျက်နှာပေါ်တွင် လက်ဖက်ရည် လောင်းချခဲ့ခြင်းပင် ပြုလုပ်ခဲ့သည်။ သို့သော် ယီယွမ်က စောဒကတက်ခြင်း မရှိခဲ့ပေ။ သူက  အသာအယာပြုံးလိုက်ပြီး  ဘေးတွင်မတ်တတ်ရပ်၍ ထပ်မံစောင့်ဆိုင်းလေ့ရှိသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now