Book(102)Ch 1-3(or)Ch 1423 - 1425

98 7 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(102)

Chapter-1

(ကောင်းကင်ခြေတောင်ကုန်းကမ္ဘာ)

"ကောင်းပြီလေ… အဲဒီနေရာမှာ ကျောက်စိမ်းတိုင်ငါးလုံးရှိတယ်… တာဝန်တွေရဲ့ ခက်ခဲမှု နိမ့်ရာကနေ မြင့်ရာကို ကိုယ်စားပြုတယ်… မင်းက ကိုယ်တိုင်သွားပြီးစစ်ဆေးလိုက်… တာဝန်တွေကို စစ်ဆေးကြည့်ပြီးရင် ငါ့ဆီကိုလာပြီး မှတ်တမ်းရေးသွင်းရမယ်….."

ထိုအတွင်းစည်းတပည့်က ယီယွမ်၏ သဘောထားခိုင်မာမှုကို မြင်လိုက်ချိန်တွင် သဘောတူညီပေးရန်သာ တတ်နိုင်ခဲ့ပေသည်။

ယီယွမ်က ပြုံး၍ ပြောဆိုလိုက်၏။ "ကျေးဇူးအများကြီးတင်ပါတယ် စီနီယာအစ်ကို….."

ကောင်းမှုခန်းမ၏ မဟာခန်းမတစ်ဖက်တွင် ကျောက်စိမ်းတိုင်ငါးလုံးကို နိမ့်ရာမှမြင့်ရာသို့ စီစဥ်ထားရှိထားခဲ့သည်။

ယီယွမ်က ကျောက်စိမ်းတိုင်များ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီး ပထမကျောက်စိမ်းတိုင် အတွင်းသို့ နတ်စွမ်းအင် ထည့်သွင်းလိုက်သည်။

ကျောက်စိမ်းတိုင်က ချက်ချင်းပင် တောက်ပသောအလင်းတန်းများ ဖြာထွက်လာခဲ့၏။ သတင်းအချက်အလက် အများအပြားက ယီယွမ်၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

အသက်မိုးကမ္ဘာ - နတ်သခင်အဆင့် ကမ္ဘာငယ်

အဆင့်အမြင့်ဆုံးပုဂ္ဂိုလ် - နက်နဲခြင်းဂူ နတ်တန်ခိုးရှင်အဆင့်

အန္တရာယ်ရှိသောနေရာများ - အနောက်မီးတောက်တောင်ကြား၊ ကောင်းကင်ဘုံသံစဥ်တောင်

အခြေခံတာဝန်များ - ယွင်အနက်သတ္တု၊ ခမ်းနားသောပန်းသစ်သီး

ခက်ခဲမှု - ကြယ်တစ်ပွင့်

တာဝန်တစ်ခုအောင်မြင်သော် အမှတ်ပေါင်း၈၀၀ ရရှိမည်။

အဆင့်မြင့်တာဝန် - အသက်မိုးနတ်သခင် ချန်ထားရစ်ခဲ့သော နတ်သခင်နက်နဲခြင်းရတနာ

ခက်ခဲမှု - ကြယ်နှစ်ပွင့်

တာဝန်အောင်မြင်သော် အမှတ်ပေါင်း၁၅၀၀ ရရှိမည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now