Part 2

25K 3.1K 209
                                    

A1အခန်းထဲရောက်တော့ ထင်ထားတာထက်ပိုနည်းသည့်
လူဦးရေကြောင့် သူစိတ်ချမ်းသာသွားသည်။

ကျယ်ဝန်းလှတဲ့ အခန်းထဲ ရှိတဲ့လူဦးရေက
၁၀ယောက်အတိမို့ ခုံတစ်ခုံကိုဆွဲယူကာ
နောက်ဆုံးချောင်ကိုတိုက်ဆွဲသွားလိုက်သည်။

A1ကကောင်မလေးတွေရဲ့ အကြည့်က
အရင်လိုစာအုပ်မှာမဟုတ်တော့ဘဲ
သူ့မျက်နှာမှာသာ။

အရင်က ရှေ့ဆုံးနေရာက်ု အလုအယက်
လုကြတဲ့ကောင်မလေးတွေက အခုတော့
နောက်ဆုံ့းကို မသိမသာတိုးရောက်လာကြသည်။

ရိပေါ်ကတော့ ပြတင်းပေါက်က လိုက်ကာစကို
ခေါင်းပေါ်အုပ်ပြီး အိပ်နေလေပြီ။
ကျောင်း ကော်ရစ်တာမှာ တရုန်းရုန်းနဲ့
ကောင်မလေးတွေကြောင့် နားထဲ
Earphoneထိုးထည့်ပြီး
သီချင်းနားထောင်နေလိုက်သည်။

"အားးးးဝမ်ရိပေါ် ဘာသီချင်းနားထောင်နေပါလိမ့်နော်။
ငါသိချင်လိုက်တာ..."

"အေးဟယ်...သူနားထောင်နေတဲ့ သီချင်းလေးကို
Ph Ringtoneတွေ Alarmတွေလုပ်ပစ်မယ်။
အားးးးးသိချင်တယ် ..."

အပြင်ကကောင်မလေးတွေရဲ့ စကားသံတွေကို
*ငမန်းသားလေးတူတူ* နားထောင်နေခဲ့တဲ့ ၀မ်ရိပေါ်တော့
မသိခဲ့ရှာ။

〰️〰️〰️〰️〰️〰️〰️〰️

"ရှောင်ကျန့်...နောက်ကျလှချည်လား..."

"အင်း!!"

ထိုမျှသာပြောပြီး ရှောင်ကျန့်က
စာအုပ်ကို တန်းဆွဲထုတ်ကာ
စာစလုပ်သည်။

ဒါပါပဲ....
ရှောင်ကျန့်က တစ်နေ့ကို စကား
အလုံး ၂၀ပြည့်အောင်မပြော။
သူ့အတွက် စကားလုံးတွေက အချိန်ပုပ်စေတယ်တဲ့။

ဒီလို လူ့ဂွစာကို ပေါင်းနေရတာလည်း
ကျန်းချန်အတွက် ၀ဋ်တစ်ခု။

စာအုပ်မှာ Linerတွေနဲ့လျှောက်တားရင်း
ပါးစပ်က တမြုံ့မြုံဝါးနေသည်က
လမ်းက ၀ယ်လာတဲ့ ပေါက်စီတစ်လုံး။

ကျန်းချန် သူငယ်ချင်းငမွဲကို စိတ်ဆင်းရဲစွာကြည့်ရင်း

"ပေါက်စီပဲလား..မင်းအာဟာရမရှိတာလည်း
မပြောနဲ့..မနက်ပေါက်စီ..ညပေါက်စီ...
ကြာလာရင် မင်းရင်ဘတ်မှာပေါက်စီတွေ ထွက်လာလိမ့်မယ်.."

Represented by Cinderella{Completed}Where stories live. Discover now