Part 48

16K 2.2K 195
                                    

"ကြည့်...ဒီဗိုက်ကြီးသည်လောက်
အငြိမ်မနေတာ ဒီဗိုက်ကြီးသည်ပဲရှိတယ်!"

မီးဖိုချောင် တံခါးဝကို လာပြီး ပွစိပွစိ
လာလုပ်နေတဲ့ကျန်းချန်ကြောင့်
ရှောင်ကျန့် တစ်ဖက်လှည့်ကာပြုံးပြလိုက်သည်။

"ခဏလေးပါကွာ..ဒါလေးကြော်ပြီးရင်
ပြီးပါပြီ..."

"အရွက်ကြော်တွေချည်းပဲ မစားနဲ့လေ။
အသားလေးဘာလေးစားအုံး။"

"အေးပါကွာ.."

ချွေးသိပ်စကားလေးပြောပြီး ရှောင်ကျန့်က
ကျန်းချန်စိတ်သက်သာအောင်ပြောသည်။

"ဖယ်...ငါကြော်မယ်။"

စူပုပ်ပုပ်နဲ့ကျန်းချန်က ဟင်းရွက်ကို
စောင့်ထိုးမတတ်ကြော်နေတာကြောင့်
ရှောင်ကျန့်ပြုံးလိုက်မိသည်။

တကယ်ကို အနစ်နာခံပေးတဲ့ သူငယ်ချင်းတွေပါ။

"ဟိုဆရာဝန်ဒီနေ့လာမှာမလား.."

"မင်းကလည်းကွာ..ရှီးချန်ကောကို
နာမည်တပ်ခေါ်စမ်းပါ.."

"မခေါ်နိုင်ပါဘူး။အလကား ကုပေးနေတဲ့
စတိုင်နဲ့ မျက်နှာကြီးသေပြီး
အရမ်းဆူတာ.."

"ဆူတာမဟုတ်ပါဘူးကွာ။သူက အဲ့လိုပဲမလို့ပါ။
လူနာအပေါ် စေတနာရှိပါတယ်ကွ"

"လူနာအပေါ်ပဲရှိတာ။ငါ့အပေါ်မရှိဘူး..ရပြီ.."

အရွက်ကြော်ကို ပန်းကန်ပြားထဲ
လဲထည့်ပေးပြီး ရှောင်ကျန့်စားဖို့
အသင့်လုပ်ပေးလိုက်သည်။

"ရှောင်ကျန့်...ထမင်းတောင်စားနေပြီလား.."

အိမ်ထဲဝင်လာတဲ့စွေ့ရန် ရဲ့နောက်မှာ
မျက်နှာတည်ကြီးနဲ့ ရှိးချန်ကော။

"ဟာ..ကောရောက်ပီလား။ထမင်းစား
ပါအုံးလား.."

ဘာစကားမှပြန်မပြောတဲ့ ရှီးချန်ကောက
ရှောင်ကျန့်နားရောက်လာပြီး
ဟင်းကိုသေချာကြည့်တယ်။

"အရွက်ကြော်ပဲလာပြန်ပြီ။အာဟာရ
မပြည့်ဝဘူးလို့ ပြောထားတယ်လေ ရှောင်ကျန့်.."

အဆူခံရလို့ ရယ်ကျဲကျဲနဲ့ရှောင်ကျန့်ကို
ရှီးချန်က မနိုင်သလို ခေါင်းရမ်းရင်း

Represented by Cinderella{Completed}Where stories live. Discover now