Part 70

15.3K 1.9K 282
                                    

ဖြည်းဖြည်းချင်းပွင့်လာတဲ့မျက်လုံးအစုံက
လေးလံစွာ။မြင်နေရတဲ့မျက်နှာကျက်ကိုသာ
ငေးစိုက်နေမိတာက ဘေးဘီကိုလှည့်မကြည့်ရဲလို့။

စကားသံတွေနားထဲအလုအယက်တိုးလာတဲ့အခါ
မျက်ရည်တွေက မျက်ခမ်းစပ်တွေကနေ
ခေါင်းအုံးပေါ် ကျဆင်းကုန်တယ်။

"ရှောင်းကျန့်....ဟင့်အင်း။မသွားပါနဲ့။
ရှောင်းကျန့်!!!"

ကုတင်ပေါ်မေးတင်လျှက်အိပ်ပျော်နေတဲ့
ရိပေါ်ဆီကအသံတွေကြောင့်သူအလန့်တကြား
ထထိုင်မိတယ်။ရိပေါ်ဖက်တွယ်ထားတဲ့သူ့လက်ပေါ်မှာ
စိုစွတ်နေတဲ့မျက်ရည်တွေ။

"ရိ...ရိပေါ်..."

"မသွားပါနဲ့။မသွား..."

တအီအီနဲ့ငိုနေလိုက်တာ ကလေးငယ်လေးလို။
ကုတင်ပေါ်ကအသာထလို့ ရိပေါ်ပခုံးကိုလှုပ်နိုးလိုက်တော့မှမျက်လုံးတွေပွင့်လာပြီး

"ဘယ်သွားမလို့လဲ!"

သူ့လက်တစ်ဖက်ကိုတင်းကြပ်စွာပြန်ကိုင်လာပြီး
မေးလိုက်သည့်စကားက သံသယတွေအပြည့်။

"ဘယ်မှမသွားပါဘူး.."

လေသံအေးအေးလေးနဲ့ပြောလိုက်တော့မှ
မသိမသာသက်ပြင်းခိုးချတဲ့ရိပေါ်က

"အိပ်လိုက်အုံး။ငါCompanyသွားတော့မယ်"

"ငါမနက်စာ!"

"နားတော့!ဘယ်မှ ထွက်ဖို့မကြံနဲ့!"

ကျောခိုင်းသွားတဲ့ရိပေါ်ကျောပြင်ကို သူ
ရီဝေစွာသာကြည့်မိသည်။ကျတော့မဲ့မျက်ရည်တွေကို
ပုတ်ခတ်သိမ်းရင်း ချစ်သူခါးကိုပြေးဖက်လို့
ကျောပြင်ကျယ်မှာ မျက်နှာအပ်ရင်း
စိတ်ထဲရှိသမျှလွှတ်ချကာအော်ငိုမိတော့သည်။

"ငါ..ငါ့ကိုယုံပေးပါ။မင်းကိုပဲငါချစ်တာပါ။
မင်းတစ်ယောက်တည်းကိုပဲ ငါ..အရမ်းချစ်တာ။
ငါ့ကို သံသယမထားပါနဲ့ရိပေါ်။တောင်းပန်ပါတယ်!"

မျက်နှာချင်းဆိုင်လှည့်လာတဲ့ ရိပေါ်က
သူ့ပါးပြင်ကိုလက်နှစ်ဖက်နဲ့တယုတယဆုပ်ကိုင်ရင်း
ပါးပြင်ပေါ်ကမျက်ရည်တွေကိုတယုတယသုတ်ကာ
ပြုံးပြတယ်။ပြီးတော့

Represented by Cinderella{Completed}Where stories live. Discover now