Part 30

16.6K 2.4K 107
                                    

"ထိုင်...."

ကုတင်ပေါ် ရှောင်ကျန့်ပခုံးကနေဖိပြီး
ထိုင်ချခိုင်းလိုက်တယ်။
ရေခွက်တစ်ခွက်ထဲ ရေဖြည့်ရင်း
ကမ်းပေးလိုက်တော့ ငတုံးလေးက
ပြုံးပြပြီး ယူသောက်တယ်။

ရေသောက်လို့စိုလဲ့နေတဲ့ ငတုံး
နှုတ်ခမ်းလေးကိုသူ မကြည့်မိအောင်
ဂရုစိုက်နေရတယ်။
မထိန်းနိုင်မသိမ်းနိုင်တွေ ဖြစ်ကုန်မှာ
သူသိလို့။

"ကျေးဇူးပဲ..."

ရေခွက်လေးကိုကမ်းပေးတဲ့ ငတုံးက
ဘာကြောင့်ရယ်မသိ သူ့အောက်နှုတ်ခမ်းလေးကို
ကိုက်နေတယ်။

စိုလဲ့နေတဲ့ နှုတ်ခမ်းပါးလေးရဲ့အောက်
မှဲ့နက်လေးက'ရိပေါ်ကြီး လာလေ'လို့
ပြောနေသယောင်......

ခေါင်းကိုခါယမ်းလိုက်ရင်း အသက်ကိုပုံမှန်ပြန်ရူနေလိုက်တော့ ရှောင်ကျန့်က'ဘာဖြစ်တာလဲ'ဆိုတဲ့အကြည့်နဲမျက်လုံးလေးပြူးပြတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ခေါင်းကိုခါယမ်းလိုက်ရင်း အသက်ကို
ပုံမှန်ပြန်ရူနေလိုက်တော့ ရှောင်ကျန့်က
'ဘာဖြစ်တာလဲ'ဆိုတဲ့အကြည့်နဲမျက်လုံးလေးပြူးပြတယ်။

သူခေါင်းရမ်းကာပြုံးပြရင်း
ရေခွက်ကို နေရာတကျတင်ပြီး ရှောင်ကျန့်ကို
စကားပြောဖို့ ပြန်မျက်နှာချင်းဆိုင်လိုက်ပြီး..

"ငါ့နောက်လိုက်လာတာ..ဘာဖြစ်လို့လဲ.."

"ငါ့ခြေထောက်နဲ့ငါလာတာ မင်းပြောနေစရာလား.."

"အဲ့ခြေထောက်လေးက ဘာလို့
ငါ့ဆီကိုမှလဲ... "

မျက်စောင်းလေးထိုးပြီးတဲ့ ငတုံးက
လွယ်အိတ်ကိုကောက်လွယ်နေတာမို့
သူအသည်းအသန် ပြန်တားယူရပြန်တယ်။

"စတာ....စတာ...စိတ်မဆိုးနဲ့"

"နောက်၂ရက်ဆိုရင်ပဲ
ကျောင်းအားကစားပွဲလေ။အတန်းခေါင်းဆောင်က
မင်းနေမကောင်းဘူးဆိုလို့ငါ့ကိုလာကြည့်ခိုင်းတာ"

Represented by Cinderella{Completed}Where stories live. Discover now