"သခင်လေး....သခင်ကြီးက ညစာကို
အပြင်မှာစားပါမယ်တဲ့....အဲ့တာကြောင့်
ကျွန်တော်တို့ Hotelကိုပဲ
မောင်းလိုက်ပါတော့မယ်နော်...."Driverကြီးစကားကို သူခေါင်းငြိမ့်ပြရင်း
Earphoneကို နားထဲထိုးထည့်ကာ
မျက်လုံးအစုံကို မှိတ်ထားလိုက်တော့သည်။
သီချင်းထဲစီးမျောခံစားဖို့
တွေးလိုက်ပေမဲ့ လွင့်ပျံနေတဲ့အာရုံတွေကြောင့်
မျက်မှောင်ကြုံ့ရင်း"ကျစ်!!"
Earphoneကိုဆွဲချွတ်ရင်း ဘေးနားကို
လွှတ်ပစ်လိုက်သည်။
စိတ်ထဲမှာ လေးလေးပင်ပင်ကြီးနဲ့
တစ်ခုခုကို ဆောင့်ဆတ်ဆွဲပစ်ချင်သလို။ရုတ်တရက် ထိုးရပ်သွားတဲ့ကားက
သူ့ဒေါသကို လောင်စာဖြည့်နေသလိုမျိုး။
တကယ်ပဲ အဆင်မပြေတာတွေ
ဖြစ်နေတော့တာပဲ။"ဘာလို့ရပ်နေတာလဲ..."
"ဟို....ရှေ့မှာ လူတစ်ယောက်လဲနေလို့
သခင်လေး...""ကျစ်!!သောက်လုပ်ကိုရူပ်တယ်...
ဟိုတစ်ယောက်...ဆင်းခဲ့ပြီး ကူညီပေးလိုက်။
မင်းကဆက်မောင်း....သေခါနီးလိုလဲနေတဲ့
လူတွေငါ့ကားပေါ်မတင်နိုင်ဘူး....""ဟုတ်ကဲ့သခင်လေး.."
Bodyguardတစ်ယောက်ဆင်းသွားတော့
သူလည်း ဘေးနားကPhကိုကောက်ကိုင်ကာ
အကြောင်းမဲ့ လျှောက်ဆွဲနေလိုက်သည်။"သခင်လေး....."
"ဘာလဲ!!"
စောစောက ကားပေါ်က ဆင်းသွားတဲ့
Bodyguardကအနားရောက်လာပြီး
ကားတံခါးကိုလာခေါက်တာကြောင့်
သူစိတ်တိုစွာအော်လိုက်မိသည်။"ဟို...လဲနေတဲ့ကောင်လေးက သခင်လေး
သူငယ်ချင်းဖြစ်မယ်....ဟိုတစ်ခေါက်က
ကားပေါ်လိုက်လာသေးတယ်လေ..."ရုတ်တရက် ကြွသွားတဲ့ဖင်က လမ်းပေါ်အရိပ်ကို
လှမ်းကြည့်မိသည်။နောက်ကျကြည့်တာတောင်
သိနေသည့်ပါးလှပ်လှပ်ကိုယ်လေးကြောင့်
ငတုံးဆိုတာသိလိုက်ပြီ။"ကျစ်!!မထူပေးဘဲ သေမလို့ငါ့ဆီပြန်လာတာလား..
ဖယ်...."ကားတံခါးကို အသဲအသန်တွန်းဖွင့်ပြီး
ဆင်းပြေးသွားတဲ့သခင်လေးကို သူတို့
ကြောင်ပြီးသာကြည့်နေနိုင်သည်။
အလကားနေ ကိုပဲ ဒေါသတွေကြီြး့ပနေတာ။
YOU ARE READING
Represented by Cinderella{Completed}
FanfictionCinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယျ Cinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယ်