Part 40

14.7K 2K 67
                                    

ဘယ်ကနေစလဲ ဘယ်သူကစခဲ့လဲ
မသိတဲ့သူမရဲ့နာကျည်းခြင်းတွေမှာ
အပြစ်ပုံချလို့ရခဲ့တဲ့သူတစ်ယောက်တော့
ရှိခဲ့တယ်။

လှပတယ်...သိမ်မွေ့တယ်...
ရိုးရိုးအေးအေးလေးနဲ့ အရမ်းထက်မြက်တဲ့
သူမနဲ့ နှိုင်းယှဉ်ခံရတဲ့အခါတိုင်း
ဒဏ်ရာတွေကထပ်ထပ်လာတယ်။

ကျောင်းကပေးတဲ့ အကဲဖြတ်မှတ်တမ်းတွေမှာ
အမြဲ Top 3အောက်မရောက်တဲ့သူမနဲ့ယှဉ်ရင်
Top 10ထဲ မ၀င်တဲ့သူမ အဆင့်စာရွက်ကို
သူမနဲ့တစ်ချိန်တည်း မိဘလက်မှတ်ယူဖို့
မ၀ံ့ရဲခဲ့ဘူး။

"နင့် အစ်မကို ကြည့်စမ်း!နင်နဲ့တစ်ခြားစီ!!"
လို့အပြောခံရတိုင်း ကလေးပီပီ မခံချင်စိတ်နဲ့
ကြိုးစားကြည့်တယ်။

Top 3ထဲဝင်လို့ ပျော်ပျော်ရွှင်ရွှင်
လာပြမိတဲ့ အကဲဖြတ်မှတ်တမ်းလေးက
Top 1ရတဲ့ သူမကြောင့် အပယ်ခံရပြန်တယ်။

တကယ်ဆို ပိုကောင်းလာတဲ့သူမကြိုးစားမှုအတွက်
အသိအမှတ်မပြုပေးကြဘူး...

"ငါ့သမီးငယ်က တော်လိုက်တာ!"လို့မချီးကျူးရင်တောင်
"ပိုကောင်းလာပြီ..ဆက်ကြိုးစား"ဆိုတဲ့
စကားလေးနဲ့တောင်ကျေနပ်မဲ့
ကလေးအရွယ်ကို အဲ့လောက်ခွန်အားဖြစ်ဖို့လေးတောင်
တစ်မိသားစုလုံး တွန့်တိုခဲ့တယ်။

အကျီ င်္အသစ်တွေ အများကြီးဝယ်ပေးလာတိုင်း
သူမဖို့ တစ်ထည်မပါခဲ့ဘူး။

"သမီးမမက အပျိုအရွယ်ဖြစ်ပြီလေ!
အဲ့တာကြောင့်မလို့ဝယ်ပေးတာပါ!!"
လို့ချွေးသိပ်စကားလေးပြောရင်တောင်
နားလည်ပေးမဲ့ ကလေးအသိဉာဏ်လေးကို
"နင်က အမြဲတမ်းပူဆာနေတာပဲ!"
ဆိုပြီးမောင်းထုတ်ခဲ့ရင် အသည်းထဲထိ နာခဲ့တာ
သူတို့မသိချင်ကြဘူး။

ကြိုးစားလည်းမထူးတော့တဲ့ဘ၀မှာ
သူမ အရာရာကို အရွဲ့တိုက်တတ်လာတော့
ဆုံးမလို့ မရတဲ့ အမိုက်မ ဖြစ်လာရပြန်တယ်။

တကယ်ဆို 'လိမ်မာပါလားသမီးရယ်'ဆိုတဲ့
ဆုံးမစကားလေးတစ်ခွန်းတောင်
သူမဖို့မရှိခဲ့ကြဘူး။

အရာရာကိုနေသားကြစွာနေလာခဲ့တဲ့
တစ်လျှောက်လုံး ဖြစ်တည်မှုတိုင်းက
သူမဖို့ မရှိဘဲ အစ်မဖြစ်သူဆီမှာသာ
စုပုံသွားတယ်။

Represented by Cinderella{Completed}Where stories live. Discover now