Part 73

12.9K 1.7K 86
                                    

"Hk...ဘာလဲ။လာလှောင်တာလား။
ငါဒီဘ၀ရောက်နေတယ်ဆိုပြီး တရားလာချတာတော့
မဟုတ်ပါဘူးနော်!"

မှန်တစ်ချပ်သာခြားနေတဲ့ သူမက
လက်ထိပ်တန်းလန်းနဲ့တောင်မာန်မချသေးပုံ။

"ကျေနပ်လား။အခုလို ငါ့ကိုမြင်ရတာ!"

"အပိုတွေပြောမနေနဲ့။အချိန်စေ့သွားလည်း
နောက်တစ်ခေါက်ထပ်လာတွေ့လို့ရတယ်။
ခင်ဗျား ဆီက ၀န်ခံချက်ကို ပြတ်ပြတ်သားသား
မရသေးသ၍ လာနေအုံးမှာ!"

တိကျပြတ်သားတဲ့အသံနဲ့ထိုလူကို
သူမက ဟားတိုက်ရယ်ကာ ကြည့်လိုက်တယ်။
မျက်နှာတစ်ချက် ပျက်ယွင်းသွားခြင်းတောင်
မရှိဘဲ ဘယ်လိုတောင်တည်ကြည်နေပါလိမ့်။

"မင်းအခုငါ့ကိုလာတွေ့တာ အဖြေလိုချင်နေတာထက်
မင်းတစ်ခုခုကိုကြောက်နေတာမလား။
မင်းကြောက်နေတဲ့အတိုင်းပဲ ဖြစ်နေပြီလို့သာ
သိထားလိုက်တော့!"

"ကျွန်တော်မကြောက်ဘူး!"

"ဟား...မင်းတို့ လူကောင်းတွေက ရယ်စရာ
သိပ်ပြောတာပဲ။မကြောက်ရင် မင်း သူနဲ့
မျက်နှာချင်းဆိုင် ရှင်းရဲရမှာပေါ့။သူ့မျက်လုံးကို
တည့်တည့်ကြည့်ပြီးမေးရဲရမှာပေါ့။
မင်းမမေးရဲဘူးလေ!!"

"ခင်ဗျားဆီက ဘာမှမသိရသေးဘဲသွား
စွပ်စွဲမှာမဟုတ်ဘူး!"

"ငါ့ဆီက အဖြေက်ုသူပဲဖြေပေးမှာ။!"

"ခင်ဗျား!!"

လက်သီးကိုတင်းတင်းဆုပ်လို့ထိုလူက
သက်ပြင်းချတယ်။ထွက်နေတဲ့ ဒေါသတွေကို
အတင်းနဲ့မျိုချနေရင်းက

"နောက်တစ်ခေါက်ထပ်လာခဲ့မယ်။အဖြေအတွက်
အဆင်သင့်ပြင်ထားပါ။မဟုတ်ရင် ခင်ဗျားကို
ဒီထဲမှာ သေသွားရတဲ့ထိ လုပ်ပစ်မယ်!"

ခြိမ်းခြောက်စကားကိုသူမက လက်အုပ်ချီလို့
ရယ်ပြတယ်။ခပ်ရွဲ့ရွဲ့အပြုမူတွေနဲ့
ထိုလူ့ဒေါသကိုဆွရတာ အရသာတစ်ခု။

ထွက်သွားတဲ့ကျောပြင်ကျယ်ကိုကြည့်ရင်း
ရယ်လိုက်မိပေမဲ့ မျက်ရည်တွေနဲ့။

မင်းသိချင်တဲ့အဖြေကိုငါဘယ်တော့မှ
ပေးမှာမဟုတ်ဘူး။

〰️〰️〰️〰️〰️

Represented by Cinderella{Completed}Where stories live. Discover now