Part 25

17K 2.5K 185
                                    

ဘောပင်လေးကို စာရွက်ပေါ်မှာ
တစ်ဒေါက်ဒေါက်နဲ့ခေါက်နေတဲ့ ရိပေါ်က
ရှောင်ကျန့်ကို မျက်ခြေမပြတ်ပြုံးပြီးကြည့်နေတယ်။

အရင်လို 'မလုပ်နဲ့ ဆူတယ်...ရိပေါ်'
လို့တောင်မပြောရဲတော့တဲ့ငတုံးက
စာအုပ်ကြီးကိုပဲပေါက်ထွက်မတတ်ကြည့်နေတော့တာ။

"ရှောင်ကျန့်....ဒီနေ့ငါ့ကိုစာသင်အုံးမှာလား..!"

ထိုအခါမှ သူ့ကိုကြည့်ပြီးပြုံးပြရှာတာကအစ
ချစ်ဖို့ကောင်းနေရောပဲ။ဖွင့်ပြောပြီးမှ
သူ ငတုံးလေးကို ပိုတန်ဖိုးထားလာသလိုပဲ။

ပိုင်ဆိုင်ရတာမဟုတ်သေးရင်တောင်
အရင်ဖွင့်ပြောထားသူဆိုပြီး
တစ်ယောက်တည်း ဂုဏ်ဆာရသေးတာ။

ဘာပဲဖြစ်ဖြစ် သူလောဘကြီးလာတာ
ဒီကောင်လေးကြောင့်မို့ ပျော်သည်။
တန်ဖိုးထားတတ်အောင်သင်ပေးခဲ့လို့
ရည်းစားသာဖြစ်သွားခဲ့ရင် ချစ်လို့ကိုဝမှာမဟုတ်ဘူး။

"ငါ့ကိုစကားလေးပြောပါအုံးကွာ။
ဘာလို့ တိတ်နေတာလဲ..!"

"မဟုတ်ပါဘူး.. ငါတွေးစရာရှိနေလို့ပါ။!"

ရှောင်ကျန့်စကားဆုံးတာနဲ့
အနီးကပ်လာတဲ့ရိပေါ်မျက်နှာကြီးကြောင့်
အလန့်တကြားနောက်ကိုယို့လိုက်ရသည်။

"ဘယ်သူ့အကြောင်းတွေးနေတာလဲ။
ငါပြောထားတယ်လေ..ငါက သ၀န်အရမ်းတိုတယ်လို့!"

သူ့စကားကြောင့်ငတုံးက အလေးနက်ထားတဲ့
မျက်ဝန်းတွေနဲ့မော့ကြည့်လာတယ်။
တကယ်ကို မထိရက်နိုင်စရာလေးလှတယ်။

"မင်းငါ့ကိုဘာလို့ကြိုက်တာလဲ..!"

ကြည့်...တုံးလိုက်တာက ရထားသံလမ်းလိုပဲ။
သံသံချင်း ပွတ်ဆွဲပေးလို့ ထက်မြက်လာမယ်ထင်တာ
မီးပွင့်တာပဲအဖတ်တင်တယ်။
အင်း...အမေးရှိတော့ အဖြေပေးရမှာပေါ့။

ငတုံးစကားကြောင့် သူ့မျက်နှာကို
အနောက်ပြန်ဆုတ်ရင်း နဖူးကဆံပင်တွေကို
တစ်ချက်ခါလိုက်သည်။လေထဲဝဲသွားတဲ့
ဆံစတွေက သူ့နဖူးကိုအစီရီ တွဲကျလာသည်။
အလေးနက်ထားပြီးဖြေပေးမှာမလို့
သူကြည့်ကောင်းနေမှ
ဖြစ်မယ်လေ။

Represented by Cinderella{Completed}Where stories live. Discover now