Part 53

18.5K 2.3K 213
                                    

ခြံဝမှာ Suitအပြည့်နဲ့
သူခိုးချောင်းချောင်းနေတဲ့
သူ့ပုံစံကို လမ်းသွားလမ်းလာ အချို့က
ကွက်ကြည့်ကြည့်သွားကြသည်။

မတတ်နိုင်။ရုပ်ခံလေးရှိလို့သာ
အရိုက်မခံရတာ။သူတကယ်သူခိုးပုံ
ပေါက်နေလောက်ပြီ။

အိမ်လေးထဲ လှုပ်တုတ်တုတ်နဲ့
အရိပ်သေးသေးလေးက
နောက်ကိုလှည့်လှည့်ကြည့်နဲ့
ထွက်လာသည်။

ပြီးတော့ ခြံရှေ့ကသူ့ဆီကိုအပြေးလာပြီး
ရင်ခွင်ထဲတိုးဝင်တဲ့ ရိကျန့်လေး။

"ဦးဦး..."

"ရူး...တိုးတိုး..သားပါပါးသိရင်
ဆူနေဦးမယ်။လာ..ဦးကားပေါ်တက်။"

ကလေးသူခိုးလို ရိကျန့်လေးကို
ကားပေါ် ခေါ်တင်လို့ ခြံလေးရှေ့က
မောင်းထွက်လာခဲ့လိုက်သည်။
ငတုံးသိရင် ဘယ်လောက်
ဒေါပွနေလိမ့်မလဲ။

"ပါပါးသိရင် စိတ်ပူတော့မှာပဲ"

နှုတ်ခမ်းလေးတထော်ထော်နဲ့
ရိကျန့်လေးက သူ့ဘက်ကို
လှည့်ပြီးပြောလာတာကြောင့်

"စိတ်ချ။ဦးဦး Phoneလှမ်းဆက်
ထားလိုက်မယ်နော်။"

ထိုအခါမှပြုံးရွှင်သွားတဲ့ ရိကျန့်လေးက
သူ့ပါပါးကိုတော့ အတော်ချစ်သည့်ပုံပင်။

"ဦးဦးPhoneဆက်တုန်းက
ပါပါး ရေချိုးနေလို့။မဟုတ်ရင်
ရိကျန့် လာလို့ရမှာမဟုတ်ဘူး.."

ဟုတ်တော့လည်းဟုတ်သည်။
Phoneဆက်တုန်းက ရှောင်ကျန့်ကို
ညစ်မေးမေးပြီး အဖြေရှာဖို့တွေးလိုက်ပေမဲ့
ရိကျန့်လေးPhoneကိုင်တာကြောင့်
သူအစီစဉ်ပြောင်းလိုက်ရသည်။

အဲ့ထက်သေချာတာကို သူလုပ်နိုင်နေတာပဲဟာ။
သူနဲ့လျှောက်လည်ဖို့ ခိုးတိုင်ပင်တော့
၂ခါပြောစရာမလိုတဲ့ ရိကျန့်က
သူ့ကိုလာခေါ်ဖို့ ချိန်းရှာသည်။
မလွယ်ကြောလေး။

"ပထမဆုံးဘယ်သွားမလဲ.."

"ရိကျန့် ကစားကွင်းသွားချင်တယ်။"

"ဟုတ်ပါပြီဗျ။သခင်လေး အလိုတော်ကျပါ.."

သွားကျိုးလေးနဲ့ ရိကျန့်လေးက
ပါးချိုင့်လေးပေါ်အောင်ရယ်ပြပြန်တယ်။

Represented by Cinderella{Completed}Where stories live. Discover now