Part 38

14.6K 2.1K 186
                                    

"မင်း ငါ့ကိုဘယ်လောက်ထိ ချစ်တာလဲ"

"မသိဘူး...ငါ့ဘာသာတောင်မတိုင်းတာတတ်လို့
ခက်နေတာ..."

"ဘယ်အထိရော..ချစ်မယ်တွေးထားလဲ.."

"နောက်ဘ၀ဆိုရင်တောင် သက်တမ်း
တိုသေးတယ်..."

ဝမ်အိမ်တော်ရဲ့ ၀ရံတာက သာမာန်ထက်ပိုပြီး
အေးချမ်းနေခဲ့တယ်။စောင်တစ်ထည်ကို နှစ်ယောက်
ခြုံရင်း ချစ်ရတဲ့ငတုံးလေးကို
ရင်ခွင်ထဲထည့်ပြီး ဖက်ထားရတာ
အတိုင်းဆမဲ့တဲ့ နွေးထွေးမှုတစ်ခု။

ဆံစလေးတွေ ခိုးနမ်းတိုင်းရတဲ့
အနံ့သင်းသင်းလေးက သူသုံးနေကြ
နာမည်ကြီး အမွှေးရနံ့တွေလို
မဟုတ်ဘဲ သူတစ်သက်လုံး
မေ့မရမဲ့ ရနံ့မျိုး။

ပိုတိုးဖက်လိုက်ရင်း ငတုံးလည်ပင်းလေးနား
မျက်နှာကပ်လို့ ရသမျှ အနံ့တွေအကုန်
ရူရိုက်နေမိတယ်။ငြိမ်သက်ပေးနေတဲ့ ကောင်လေးက
တစ်ခုခုကို အတွေးလွန်နေတဲ့ပုံ။

"ရှောင်ကျန့်!!"

"ဟန်..."

"မင်းတစ်ခုခု ဖြစ်နေတာ ငါသိတယ်။
ဘာပဲဖြစ်ဖြစ် ငါ့ကိုဖွင့်ပြောပါနော်။ပြီးတော့
ငါ့ကို အားကိုးပေးပါ...ငါ့ချစ်သူလေးအားကိုးတာ
တစ်ခါလောက်တော့ ခံဖူးချင်တယ်..."

သက်ပြင်းချတယ် မမည်တဲ့ အသံလေးက
စိတ်ညစ်နေတာကို ရိပေါ်မသိစေချင်တာမျိုး။

"ရိပေါ်.."

"ဟန်..."

"ငါ...ငါတို့ဝေးခဲ့ရင်လေ.."

"ရှောင်ကျန့်!"

ရိပေါ်ရဲ့တားမြစ်သံတွေအဆုံး
သူ့တစ်ကိုယ်လုံး ပိုတိုးဖက်တာခံလိုက်ရတယ်။
ဝမ်သခင်လေး မျက်နှာအပ်ထားတဲ့
သူ့လည်တိုင်မှာ စိုစွတ်တဲ့ခံစားချက်ကြောင့်
ရင်ထဲထိတ်ခနဲ...

"ငိုနေတာလား...."

မျက်နှာချင်းဆိုင်လှည့်ပြီး ရိပေါ်မျက်ရည်တွေကို
သုတ်ပေးလိုက်တော့ အငိုသန်လေးဖြစ်သွားတဲ့
ချစ်သူက သူ့ခါးကိုတိုးဖက်လို့
ရင်ခွင်ထဲမျက်နှာအပ်လာတယ်။

"ငါက မင်းကို အရမ်းချစ်တာ..
ဝေးဖို့ဆိုတာ ငါသေမှပဲ......"

ရှေ့ဆက်ခွင့်မရတဲ့စကားတွေက
နှုတ်ခမ်းနွေးနွေးလေးတစ်ခုရဲ့
တားဆီမှုကြောင့်။

Represented by Cinderella{Completed}Where stories live. Discover now