Part 39

14.6K 2.2K 108
                                    

"ရိပေါ်...ဘယ်တွေ အတင်းနဲ့ဆွဲခေါ်နေတာလဲ"

"လိုက်ခဲ့...တစ်နေရာသွားမယ်.."

"ဟေ့ကောင်...စာမလုပ်ချင်တိုင်း မင်း
ဟိုသွားလိုက် ဒီသွားလိုက်နဲ့ များနေပြီနော်"

"ဒီတစ်ညနေလေးပဲ။နောက်နေ့ မအိပ်မနေ
လုပ်ပြမယ်...."

"မယုံဘူးကွာ..မသွား...ဟေ့ကောင်.."

ကျောင်းဝန်းကြီးထဲလည်း ဂရုမစိုက်တော့တဲ့
ရိပေါ်က ရှောင်ကျန့်ကိုယ်လေးကို
စွေ့ခနဲ ပွေ့လိုက်တာကြောင့်
အလန့်တကြားထအော်မိသည်ထိ။

"ရိပေါ်...ဒါကျောင်းနော်။လူတွေ
သိကုန်မယ်...ပြန်ချပေး.."

"ငါ့ပုံစံက ငါတို့၂ယောက်အကြောင်းကို
လှို့ဝှက်ချင်တဲ့ပုံပေါက်နေလို့လား..."

"ကျစ်...မဟုတ်ဘူးလေကွာ။မင်းပါပါးက
ရွေးကောက်ပွဲနီးနေပြီ။ဒီလိုအချိန်တွေဆို
မင်းဘက်က ဆင်ခြင်စရာရှိတာဆင်ခြင်ရမှာပေါ့.."

"အဲ့တာဆို ငါခေါ်တဲ့နောက်လိုက်ပါ့မယ်လို့
ကတိပေး။"

ခေါင်းငြိမ့်ကာအဖြေပေးလိုက်သည်နှင့်
ရှောင်ကျန့်လက်ကိုဆွဲလို့
အသည်းအသန်ထွက်ပြေးတဲ့ရိပေါ်ကြောင့်
သူ့မှာပြူးကြောင်ကြောင်နဲ့သာ ပါသွားရပြန်သည်။

"ဘာလို့ ဒီကိုခေါ်လာတာတုန်း.."

ရှေ့က သုသာန်လေးကိုကြည့်ရင်း
မေးလိုက်တော့ ရိပေါ်က
ခပ်ရေးရေးပြုံးရင်း

"တရားဝင်မိတ်ဆက်ပေးချင်လို့...."

သူ့လက်ကိုဆွဲလို့ ၀မ်မားရဲ့ အုတ်ဂူရှေ့မှာ
ရပ်တန့်သွားတဲ့ ရိပေါ်က မလုံ့တလုံထရယ်ရင်း

"ဟဲ..ဟဲ...သား...ကျူးလစ်ပန်းမပါလာဘူးမာမား။
စိတ်မဆိုးနဲ့နော်...ကျောင်းကနေ ပြေးလာရလို့."

ဖြေသူမဲ့တဲ့ အုတ်ဂူလေးကို ရှောင်ကျန့်
ဂါရ၀ပြုရင်း

"ကျွန်တော့် နာမည်ရှောင်ကျန့်ပါ။
ဝမ်ရိပေါ်ရဲ့...."

"ချစ်သူပါ..မာမား.."

အံ့သြစွာနဲ့ ရိပေါ်ကို မော့ကြည့်မိတော့
ရိပေါ်က မျက်ခုံးတစ်ဖက်ပင့်ပြီးပြုံးပြပြန်တယ်။

Represented by Cinderella{Completed}Where stories live. Discover now