Part 56

18.7K 2.2K 215
                                    

အိမ်ထဲလှမ်းဝင်လာလိုက်တော့
အိမ်ဖော်ကောင်မလေးတွေက
သူ့ဆီကို အသည်းအသန်ပြေးလာသည်။

ပွဲမှာစောင့်နေတာ ကြာပြီကို အခုထိ
ရောက်မလာတဲ့ ရှောင်ကျန့်က
ခေါင်းမာလွန်းတဲ့ ကောင်လေး။

"သခင်လေး...တံခါးကို အထဲကနေ
Lockချထားတယ်။သော့ကလည်း
ဘယ်နားမှန်းမသိဘူး။
သခင်ကြီးကိုလည်းမပြောရဲလို့.."

"ပါပါး ဒီကိစ္စတွေမသိစေနဲ့.."

သူနဲ့ရှောင်ကျန့် ဒီလိုတွေဖြစ်နေမှန်း
ပါပါးသိရင် စိတ်ဆင်းရဲတာကလွဲပြီး
ဘာမှထူးလာမှာမှမဟုတ်တာ။

အိမ်ပေါ်ပြေးတက်ပြီး ငတုံးအခန်းကို
သော့ဖွင့်လိုက်တော့ မျက်လုံးအပြူးသားနဲ့
ငတုံးက ရိကျန့်လေးနဲ့
ဆော့နေသည်။

"Daddy!!"

သူ့ကိုတွေ့တော့ ပြေးဖက်လာတဲ့ ရိကျန့်လေးကို
ပြုံးပြရင်း နောက်မှာကပ်ပါလာတဲ့
Bodyguardဦးလေးကြီးဆီအပ်ရင်း

"သားကို ၀တ်စုံလဲပြီး ပွဲကို ခေါ်သွားလိုက်။
ပွဲမှာ ပါပါးရှိတယ်!"

ရိကျန့်လေး လိုက်သွားတာနဲ့တပြိုင်နက်
တံခါးကို Lockချလို့ ရှောင်ကျန့်ကို
လှမ်းကြည့်လိုက်တော့
ငတုံးက ခေါင်းလေးငုံ့သွားတယ်။

ထွက်နေတဲ့ ဒေါသတွေကို မြိုချရင်း

"အ၀တ်လဲ..သွားကြမယ်"

"ငါမလိုက်ဘူး.."

"ရှောင်ကျန့်!!!"

အော်သံက ကျယ်လွန်းတာမို့
ငတုံး ပခုံးလေးတွန့်သွားရှာတယ်။
လက်ထဲက ကလေးကစားစရာလေးကို
တင်းနေအောင်ကိုင်ထားပြီး

"ငါမလိုက်ချင်ဘူး။မင်းတို့ပဲသွားပါ"

"ငါ၂ခါမပြောဘူးနော်။မင်းဘာသာ အ၀တ်လဲမလား
ငါလဲပေးရမလား.."

"ငါမှမလိုက်ချင်တာ။ဘာလို့အတင်းခေါ်နေတာလဲ.."

ထိုင်နေတဲ့ ငတုံးနားကို
ခြေလှမ်းကျဲတွေနဲ့လျှောက်သွားရင်း
လက်မောင်းလေးကနေ ဆွဲလို့
ကုတင်ပေါ်ပစ်တင်လိုက်တယ်။

ထုရိုက်နေတဲ့ လက်လေးတွေကို
Necktieနဲ့တွဲချည်လိုက်တော့
ငတုံးခမျာ မျက်လုံးပြူး မျက်ဆံပြူး။

Represented by Cinderella{Completed}Where stories live. Discover now