Part 63

15K 1.8K 137
                                    

အကြည့်ချင်းစစ်ခင်းနေသူနှစ်ယောက်က Party
ပွဲကို တိတ်ဆိတ်သွားအောင်လုက်နိုင်စွမ်းရှိသည်။
အားလုံးရဲ့အကြည့်က သူတို့၃ယောက်ဆီမှာမို့
ရှောင်းကျန့်ခေါင်းကိုသာငုံ့ထားမိတော့

"ဟုတ်တယ်...ငါမုန်းခဲ့တဲ့ ရှောင်းကျန့်ပဲ"

ရုတ်တရက်ထွက်လာတဲ့ ရိပေါ်ရဲ့အသံနဲ့အတူ
မဲသွားသောထိုသူမျက်နှာ။

"ငါအရမ်းချစ်ခဲ့ပြီး အရမ်းမုန်းခဲ့တဲ့ ငါချစ်သူ
ရှောင်းကျန့်ဆိုတာသူပဲ"

တိတ်ဆိတ်သွားတဲ့လေထုနဲ့အတူ သူလည်း
ခေါင်းကိုသာ ငုံ့ထားလိုက်မိသည်။
စိုက်ကြည့်ခံနေရတာမျိုးက မမြင်ဘဲနဲ့သိတဲ့ခံစားချက်။

များပြားလွန်းတဲ့ မျက်လုံးတွေသူ့ဆီစိုက်ကျလာတာကို
သူမုန်းပါသည်။

"တော်တော့ Lucas!!Sorryရိပေါ်။
သူမူးနေလို့"

Maskဆိုသူက Lucasကို ဆွဲလို့ရိပေါ်ကို
တောင်းပန်သည်။ထိုသူက Maskဆွဲခေါ်ရာနောက်
မလိုက်ဘဲ လက်ထဲက ၀ိုင်ခွက်ကို ရှောင်ကျန့်
ခြေရင်းနားပစ်ပေါက်ကာ

"မင်းက ဘာကောင်မိုလို့လဲ။ဘာလို့ ရိပေါ်က
မင်းလိုကောင်ကိုရွေးရတာလဲ။မင်းက..."

အော်ဟစ်နေတဲ့ Lucasကိုကြောင်ကြည့်နေရင်းက
သူ့ဆီပြေးဝင်လာတဲ့လက်သီးတစ်ချက်။
ယောင်ယမ်းကာမျက်လုံးကိုစုံမှိတ်လိုက်ပေမဲ့
သူ့ဆီရောက်မလာတဲ့ နာကျင်မှုကြောင့်
မသိမသာမျက်လုံးဖွင့်ကြည့်လိုက်တော့
Lucasလက်ကို လိမ်ချိုးထားတဲ့ ရိပေါ်..

"ငါတောင် မထိရက်တဲ့ချစ်သူကို မင်းက
ထိုးဖို့ကြံခဲ့တယ်ပေါ့။မင်းကို ဘယ်လို
ပြန်ပေးဆပ်ခိုင်းသင့်လဲ"

သွေးအေးစွာပြောနေတဲ့ ရိပေါ်ကြောင့်
Lucasကခေါင်းတရမ်းရမ်းခါရင်း

"မ..မဟုတ်ဘူးရိပေါ်။ငါ..မင်းကိုချစ်တယ်
အဆုံးရူံးလဲမခံနိုင်ဘူး။မင်းကိုအရမ်းချစ်တယ်။
ငါ့ကို မထားခဲ့...အားး"

ဖြောက်ခနဲမြည်သွားတဲ့လက်ဆစ်နဲ့အတူ
ကျယ်လောင်စွာထွက်လာတဲ့ Lucasရဲ့အသံ။
တင်းမာလွန်းနေတဲ့ ရိပေါ်မျက်ဝန်းတွေက
ကျားရဲပမာကြောက်စရာကောင်းနေခဲ့သည်။

Represented by Cinderella{Completed}Where stories live. Discover now