Part 24

16.6K 2.5K 159
                                    

စာသင်ခန်းထဲဝင်ဝင်ချင်း မတွေ့ရတဲ့
အရိပ်လေးကြောင့် ရိပေါ် အလိုမကျဖြစ်သွားရသည်။
ဒီအချိန် ရှောင်ကျန့်က ဘယ်ကိုမှ
သွားတတ်တဲ့လူမဟုတ်တာ။

"ဟေ့ကောင်...ရှောင်ကျန့်ဘယ်သွားလဲ!"

ကျန်းချန်ကိုလှမ်းမေးတော့ ပခုံးတွန့်ပြတယ်။
ချေခွင့်ရတုန်းလေး ပြန်ချေရတာ
အပျိုကြီးတို့ ၀မ်းသာလို့မဆုံး။

သူရှောင်ကျန့်နဲ့ တစ်ခုံတည်း ထိုင်ချင်တိုင်း
ကျန်းချန်ကို နောက်တန်းပို့တာ ခုထိ
အခဲမကျေသေးဘူး။
ပြီးတော့ ခြိမ်းလားခြောက်လားနဲ့
Websiteကသတင်းကို မပြောခိုင်းဘဲ
ဒီတိုင်းထားထားသေးတာ။

ကျန်းချန်တို့ကကြောက်လို့မဟုတ်ဘူး.
မလုပ်ရဲသေးလို့.....

လွယ်အိတ်ကိုပစ်ချပြီးဖင်တကြွကြွဖြစ်နေတဲ့
ရိပေါ်က ရှောင်ကျန့်မရှိတာနဲ့
ပုံစံပျက်နေတာ မြင်လို့ပင်မကောင်း။

ခဏကြာတော့စုတ်သပ်ပြီးထထွက်သွားတာကြောင့်
အတန်းထဲက ကောင်မတွေက အော်ဖြစ်အောင်
အော်လိုက်သေးသည်။

*ရိပေါ် စိတ်ပူနေပုံလေးက ချစ်စရာလေး*တဲ့...

〰️〰️〰️〰️〰️

ကျောင်းနောက်ဘက်က သစ်ပင်တွေရဲ့
အောက်ကခုံဝိုင်းလေးတွေမှာ တစ်တစ်တူးနေတဲ့
၂ယောက်။လူသိပ်မလာတဲ့ ဒီလိုနေရာကို
လာပြီး ဘာတွေရယ်မောနေတာလဲ။

ခြေလှမ်းကျဲကြီးတွေနဲ့သွားပြီး
ရှောင်ကျန့်တို့ရှေ့က စာအုပ်တွေကို
အဝေးလွှင့်ပစ်လိုက်သည်။

"ဘာလုပ်တာလဲ..."

ရန်ထစွာတဲ့ ရှောင်ကျန့်လက်ကို သူ
အကြမ်းပတမ်းဆွဲခေါ်တော့ အားနည်းတဲ့
ယုန်လေးက အသာလေးပါလာသည်။
လမ်းတစ်လျှောက်လုံး အဆဲကြမ်းတဲ့
ငတုံးကို လူရှင်းတဲ့ အဆောင်အိုကြီးနား
ခေါ်လာပြီး တွန်းထုတ်လိုက်တော့
နံရံမှာ အားနဲ့ပြေးကပ်သွားတဲ့ ကိုယ်သေးသေးလေး။

"မင်းတို့အဲ့တာဘာလုပ်နေကြတာလဲ!"

"မင်းမှာမျက်လုံးပါရင် ကြည့်ပေါ့။!"

"ရှောင်ကျန့်...ငါမေးနေတာကိုသေချာဖြေ။
သူနဲ့မင်းနဲ့က ဘယ်လိုပတ်သတ်တာလဲ။
အခန်းထဲမှာ စာမရှင်းပြဘဲ
လူရှင်းတဲ့နေရာရွေးလာပြီး ပလူးနေရအောင်
သူနဲ့မင်းက ဘာတွေလဲ.."

Represented by Cinderella{Completed}Where stories live. Discover now