"ဘယ်သွားမလို့လဲ!"
"ခေါင်းနောက်နေလို့ အပြင်ထွက်ထိုင်ချင်လို့။
လိုက်မလို့လား!!""ဟင့်အင်း။ငါ အလုပ်တွေကျန်သေးတယ်။
အပြင်မှာလေတွေအရမ်းတိုက်တယ်။
ဒါခြုံသွား"လည်ပင်းကိုလာစွပ်တဲ့မာဖလာလေးက
သူတို့First Dateတုန်းက ရိပေါ်
ရှောင်းကျန့်ကို ပတ်ပေးတဲ့ဟာလေးမို့
ရှောင်းကျန့်တယုတယကိုင်ကြည့်ရင်း"မင်းနဲ့First Dateကိုတောင်သတိရသွားတယ်"
"ငါအားမှ နောက်တစ်ခါအေးဆေးDateကြမယ်"
ခေါင်းငြိမ့်ပြလိုက်တော့ ရိပေါ်ကသူ့နှုတ်ခမ်းပေါ်
အနမ်းလေးချွေရင်း"တအားမကြာစေနဲ့။!"
"အင်း!!"
လေညှင်းခံဖို့အပြင်ကိုထွက်လာလိုက်တော့
အိမ်ရှေ့က ဒန်းလေးပေါ်မှာ ထိုင်နေတဲ့
Camellia။"ဘာလုပ်နေတာလဲ!!"
"အိပ်မပျော်လို့!!"
သူမက မြူဆိုင်းနေတဲ့ကြားကလမင်းကို
ငေးကြည့်လို့ ပြုံးနေရှာတယ်။
ပါးပြင်ပေါ်မှာတော့ မျက်ရည်တွေ ..."တစ်ခုခုဖြစ်နေလို့လား?"
"ငါ့ဘ၀ကတစ်ခုမဟုတ်တစ်ခုဖြစ်နေတာပဲလေ!"
"အဆင်ပြေသွားမှာပါ!"
သူ့ရဲ့အားပေးစကားကိုသူမကပြုံးလို့
ခေါင်းရမ်းပြတယ်။ပြီးတော့"ဒီနေ့ ငါ့မွေးနေ့!"
သူမစကားကြောင့်ပြောစရာစကားတွေ
လည်ချောင်းမှာတစ်ကုန်ရတယ်။"နောက်တော့ကျနေပြီ။ဒါပေမဲ့
Happy Birthdayပါ!""ကျေးဇူးပဲ။ငါ့ဘ၀မှာ မွေးနေ့ဆုတောင်း
စကားပြောပေးတာနင်တစ်ယောက်ပဲရှိတယ်""မွေးနေ့မှာ ပျော်ပျော်နေလိုက်ပါ။ဘာအကြောင်းပဲ
ရှိရှိ ငိုမနေပဲနဲ့""ငါဘာလို့ငိုလဲ နင်မသိချင်ဘူးလား?"
သူမက မျက်ရည်တွေနဲ့ ရင်ဖွင့်ဖော်
လှမ်းရှာတယ်။"အင်း..ပြောပြလေ!"
သူ့စကားကြောင့် သူမက ခပ်မဲ့မဲ့တစ်ချက်ရယ်တယ်။
သူ့ချစ်သူလေးက သူမ ငိုပြနေရင်တောင်
စိတ်မ၀င်စားတဲ့လူမျိုး။
YOU ARE READING
Represented by Cinderella{Completed}
FanfictionCinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယျ Cinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယ်