Part 51

17.2K 2.3K 121
                                    

လေနုအေးအေးလေးတွေတိုက်နေတဲ့
ပတ်ဝန်းကျင်က အေးချမ်းမှန်းသိသာလွန်းသည်။
အရင်က ဆိုင်ကယ်တစ်စီးနဲ့ လျှောက်သွားတဲ့
အရသာလောက်မကြိုက်ပေမဲ့
အခုလို မနက်ခင်းထပြေးရတာကလည်း
ခံစားချက်မဆိုး။

ခပ်လှမ်းလှမ်းမှာပြေးလွှားနေတဲ့ကလေးငယ်တွေရဲ့
ကစားကွင်းလိုလို ဘာလေးလိုလိုကို
အနားယူဖို့သွားလိုက်ရတယ်။
နေရောင်မြင့်လာသည်ထိ သူရောက်တတ်ရာရာ
လျှောက်ပြေးနေမိတာ။

ခုံတန်းလျားလေးမှာ ထိုင်နေရင်း
ငေးမိငေးရာငေးလိုက်မိတဲ့တစ်ခဏ

"ဦးဦး..."

သူ့ပေါင်ပေါ်လာတင်တဲ့လက်ဖောင်းဖောင်းကို
မှတ်မိစွာ ပြုံးလိုက်မိတယ်။

"ဦးဦး ရိကျန့်ဆီလာတာလား.."

သူစကားပြန်ပြောတာကိုမစောင့်ဘဲ
ကလေးလေးက သူ့ခြေထောက်တိုတိုလေးတွေနဲ့
ခုံတန်းလျားပေါ် တက်ဖို့လုပ်နေတယ်။
ချစ်ဖို့ကောင်းလွန်းလို့ရယ်မိတော့
ရောက်လာသည့်မျက်စောင်းလေးက
လွမ်းစရာကောင်းသလိုလို။

"မတင်ပေးဘဲ ထိုင်ရယ်နေတယ်။
ဦးဦးအကျင့်ကိုမကောင်းဘူး..'"

ပါးဖောင်းလေးကို ခါးကနေမလို့
သူ့ပေါင်ပေါ် တင်လိုက်တော့
ခိုးခိုးခစ်ခစ်ရယ်သံလေးတွေ
ပျံ့နှံ့စွာ။

"ဦးဦးဆီက နွေးလိုက်တာ။
နေပူနေတာတောင် ဦးဦးရင်ခွင်က
မပူဘဲ နွေးနွေးလေးပဲ...."

"ဟိုတစ်ခါကလို မအိပ်သွားနဲ့နော်.."

"အဲ့တာတော့ တာဝန်မယူဘူး။!"

သွားကြိုးလေးက ရင်ခွင်ထဲကနေ
သူ့ကိုမော့ကြည့်လာတယ်။
တစ်ချိန်က သူ့ရင်ခွင်ထဲကကောင်လေးတစ်ယောက်
မော့ကြည့်တာနဲ့ အတူတူ။

"ဒီမှာလာဆော့တာလား..."

"ဟုတ်တယ်။ပါပါးနဲ့လာတာ...အခု ပါပါးလစ်တုန်း
တူတူပုန်းတမ်းဆော့နေတာ။
ပါပါး ရှာနေတော့မှာ.ဟဲဟဲ..  "

မျက်နှာရူးလေးရဲ့ပါးဖောင်းလေးတွေက
သူ့ကိုလာနမ်းပါလို့ မြူဆွယ်နေသယောင်။
မနေနိုင်စွာဖက်နမ်းပစ်လိုက်တော့
ကလေးလေးက ပြုံစိစိနဲ့ သူ့နှုတ်ခမ်းတွေဆီ
လာနမ်းပြန်တယ်။

Represented by Cinderella{Completed}Where stories live. Discover now