Part 44

19.2K 2.1K 267
                                    

မနက် ၈နာရီမှ အားယူဖွင့်လိုက်ရတဲ့
သူ့မျက်လုံးတွေက ကျိမ်းစက်စွာ။
ဘေးနားကိုသတိ တရကြည့်လိုက်တော့
ချစ်ရသူက သူ့ရင်ခွင်ထဲမှာ ကွေးကွေးလေး
အိပ်ပျော်နေတုန်း။

တယုတယပြုံးရင်း နဖူးလေးကို
အနမ်းချွေလိုက်တော့ ရင်ထဲမှာ
ကြည်နူးမှုအပြည့်။

"ဟင့်..!!"

ညတည်းက စိမ်ထားမိတဲ့သူ့ညီကို
ဆွဲထုတ်လိုက်တော့ အသံပိစိလေး
ထွက်လာသေးတာကြောင့် ဖင်လေးပုတ်ကာ
ပြန်ချော့သိပ်ရသေးသည်။

နာလည်းနာရှာမပေါ့...
သူ့ညီက ထိုးထိုးထောင်ထောင်နဲ့
အစာတောင်းနေတာကိုး။
ရေချိုးခန်းထဲသွားလိုဖြေရှင်းလိုက်တော့
ငြိမ်ကျသွားတဲ့ ညီငယ်က
အစာတွင်းထဲ ထွက်လာရလို့ စိတ်ဆိုးနေပုံ။

"မင်းကလည်း တွင်းတွေ့တိုင်း
အောင်းဖို့ပဲချောင်းနေတာ။ငါ့ယုန်လေးက
မခံနိုင်တော့ဘူး မြေနိုးရဲ့.. "

ရေမိုးချိုး အ၀တ်စားလဲပြီး ပြန်ထွက်လာတဲ့ထိ
ယုန်လေးက မနိုးသေး။သူ့ခိစ်သူစားဖို့
တစ်ခုခုလုပ်ကျွေးဖို့ မီးဖိုထဲကို
သွားလိုက်တော့ အသင့်စား ဆန်ပြုတ်လေးကို
ကျိုလာလိုက်သည်။အာဟာရရှိအောင်
ကြက်ဥလေးကိုလည်း မမေ့လျော့။

"နိုးပြီလား...ငါ ဆန်ပြုတ်သွား
ပြုတ်နေတာ...ရေချိုးလေ.."

ကုတင်ပေါ်မှာ မျက်နှာသေလေးနဲ့
ထိုင်နေတဲ့ ချစ်သူက သူ့ကိုတစ်ချက်သာ
ငေးကြည့်ပြီး တုတ်တုတ်မလှုပ်။

"မထနိုင်ဘူးလား..."

ကြန်ဖြေခြင်းမဲ့တဲ့ လေထုက ယုန်လေး
စိတ်ဆိုးနေတယ်ဆိုတာသိတာကြောင့်
ရယ်လိုက်မိသေးသည်။

"လာ...ငါ သန့်ရှင်းပေးမယ်.."

"စောင်...."

ကွာကျသွားတဲ့စောင်ကြောင့် ဗလာဖြစ်နေတဲ့
ချစ်သူက ရှက်သလိုအသံလေးနဲ့
သတိပေးလာသေးသည်။

"ရှက်မနေပါနဲ့...အကုန်မြင်ပြီးသွားပြီကို"

နှုတ်ခမ်းလေးကိုက်လို့ ငြိမ်သွားတဲ့
ငတုံးလေးရဲ့ပါးဖောင်းလေးကို
နှာခေါင်းနစ်အောင်နမ်းရိုက်လိုက်မိသည်။

Represented by Cinderella{Completed}Where stories live. Discover now