Part 78

13K 1.8K 229
                                    

"ဒီမှာကြည့်။ငါဘာလေးဝယ်လာလည်း"

စက္ကူဗုံးလေးမြှောက်လို့ပြတော့
သူ့နားကို မသိမသာရောက်လာတဲ့ငတုံးလေး။

"ဘာလေးလဲ"

"ဒန်ဒန်!!"

မျက်လုံးရှေ့တည့်တည့်ရောက်လာတဲ့ အိမ်စီးဖိနပ်အမွှေးပွလေးက ရိပေါ်လက်ထဲ ချစ်စရာကောင်းအောင်လှနေပြန်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မျက်လုံးရှေ့တည့်တည့်ရောက်လာတဲ့ အိမ်စီးဖိနပ်
အမွှေးပွလေးက ရိပေါ်လက်ထဲ ချစ်စရာကောင်းအောင်
လှနေပြန်သည်။

"ကြိုက်လား!"

"အင်း..ပေး။စီးကြည့်မယ်"

သူလှမ်းဆွဲယူဖို့ပြင်လိုက်တော့ ရိပေါ်က
လက်ကိုနောက်ပစ်လို့ ရှောင်တယ်။
ကုတင်ပေါ်ကနေဆင်းပြီး သူ့ရှေ့
ဒူးထောက်ထိုင်ချလိုက်တဲ့ရိပေါ်ရဲ့
လှုပ်ရှားမှုတစ်ခုချင်းစီကို တအံ့တသြလိုက်ကြည့်
နေမိတုန်း ဆွဲယူခံလိုက်ရတဲ့သူ့ခြေထောက်လေးဆီ
နေရာယူသွားတဲ့ ဖိနပ်နီနီလေး။

"အတော်ပဲ။ငါရွေးတာတော်တယ်မလား!"

သူခေါင်းငြိမ့်ကာပြုံးပြမိတော့ နောက်ဖိနပ်လေး
တစ်ရံကိုပါ သူ့ခြေထောက်လေးမှာ
နေရာယူစေတယ်။အခုဆိုအမွေးပွနီနီလေးတွေကြား
ရှောင်ကျန့်ခြေဖမိုးဖြူဖြူလေးက အထင်းသား။

"အသည်းပုံလေးဘေးမှာအစက်ထည့်ချင်သေးတာ။"

"တွေ့သမျှ အသည်းပုံအောက် အစက်ထည့်နေလိုက်။"

ဘောက်ဆတ်ဆတ်နဲ့ပြန်တောမိတော့ ရိပေါ်က
သွားစိပြီးပြုံးပြတယ်။

"လုံးဝကွက်တိပဲနော်။မင်း ကချစ်ဖို့ကောင်းလိုက်တာ။
ငါ့ဖိနပ်ဆိုဒ်ကိုသိတယ်!"

"မင်းယောင်္ကျားပဲလေ။အဲ့လောက်တော့..."

"ပါးပါး!!"

ဖိနပ် ၃ရံလက်ကကိုင်ပြီး အခန်းထဲဝင်လာတဲ့
ရိကျန့်က သူနဲ့ရိပေါ်ကို တအံ့တသြငေးကြည့်နေတယ်။
ပြီးတော့ သူ့ခြေထောက်မှာ နေရာယူထားတဲ့
ဖိနပ်နီလေးဆီ အကြည့်ရောက်သွားပြီး
နေရာမှာတင်ထိုင်ငိုတာမို့ သူလည်း
ရုတ်တရက်ဆန်စွာ။

Represented by Cinderella{Completed}Where stories live. Discover now