Part 64

15.2K 2K 234
                                    

နှလုံးသားက ဘယ်ကနေအရင်းခံခဲ့လဲဆို
နောက်ကျောလေးတစ်ခုလို့ပဲပြောရမယ်။
ဇိမ်ခံကားကြီးထဲက သူမရဲ့မျက်ဝန်းတွေကို
နောက်ကျောလေးတစ်ခုက ဖမ်းစားသွားခဲ့တာ။

Uniformနဲ့ကျောပြင်လေးက သာမာန်ဆိုပေမဲ့
သူမကတော့ထူးခြားခဲ့တယ်။ပျားပန်းခတ်သွားလာနေတဲ့
ကျောင်းသားတွေကြား သူ့မျက်လုံးတွေကတစ်နေရာ
တည်းကိုစူးစိုက်စွာ။

အဲ့နေ့ကမှတ်မှတ်ရရ ကျောင်းဝင်ခွင့် စာမေးပွဲ
စစ်တဲ့နေ့။သူမ ဒီကျောင်းမှာတက်ရမယ်လို့
ပါပါးပြောတုန်းက စိတ်ညစ်ခဲ့ပေမဲ့ ကျောပြင်ငယ်လေး
တစ်ခုနဲ့ ညစ်ညူးခဲ့သမျှစိတ်တွေ ပျောက်ကုန်တယ်။

လေတိုက်လို့ လွင့်ကျသွားတဲ့စာရွက်လေးက
သူမကားဆီ တည့်တည့်မတ်မတ်။
သေချာတာက ကျောပြင်ပိုင်ရှင်လေးရဲ့
စာရွက်တွေ။

လှည့်ကြည့်လာတဲ့ ကောင်လေးက သူမထင်ထားတာထက်
အိမ်မက်ဆန်နေခဲ့တယ်။သူကသိပ်ချစ်ဖို့ကောင်းတာပဲ။

သူကားနားကပ်လာတဲ့ခြေလှမ်းတိုင်းက
သူမရင်ခုန်သံတွေနဲ့စည်းချက်ညီစွာ။
ညစ်ပေသွားတဲ့စာရွက်လေးကို ကြည့်ရင်း
မဲ့သွားတဲ့ကောင်လေးကြောင့် သတိလက်လွတ်ပြုံးလိုက်မိသည်။

သူ့ကိုချစ်နေပြီ။

ကျောင်းလေးထဲပြေးဝင်သွားတဲ့သူ့ကြောင့်သူမ
သတိလက်လွတ်ကားပေါ်ကဆင်းဖို့ပြင်လိုက်တယ်။

"မမလေး။ဘယ်သွားမလို့ပါလဲ!

"စာမေးပွဲဖြေမယ်လေ"

"မမလေးဖြေစရာမလိုပါဘူး။ကျောင်းဖွင့်ရင်
လာတတ်ရုံပါပဲ"

"ဘယ်ဖြစ်မလဲ။အရည်အချင်းမရှိဘဲ ကျောင်းဝင်ခွင့်ပေးလို့လား"

သူမစကားကို Driverကြီးကရယ်တယ်။ပြီးတော့

"မမလေး နိုင်ငံခြားကျောင်းမှာတက်တုန်းက
ရခဲ့တဲ့ ဆုတွေနဲ့ဆို ဒီကျောင်းဝင်ခွင့်က
အသာလေးပါ"

စိတ်လေစွာကားထဲပြန်ထိုင်လိုက်မိတာက
ကျောပြင်လေးကို ထပ်တွေ့ချင်သေးလို့။

ဟုတ်တယ်။ပါးဖောင်းလေးနဲ့ကောင်လေးက
မြတ်နိုးစရာအတိ။

ကျောင်းဖွင့်ချိန်မှာ A1အခန်းကိုသူမကို
နေရာပေးတယ်။သူမနေချင်တာ A1ဆိုတာမဟုတ်တော့ဘဲ
ကောင်လေးရှိမဲ့နေရာ။

Represented by Cinderella{Completed}Where stories live. Discover now