ထမင်းစားခန်းက ဟီးလားဟားလားအသံတွေက
ဝမ်အိမ်တော်ရဲ့ပုံမှန်လို ဖြစ်နေခဲ့သည်။
အရင်ကတိတ်တိတ်ဆိတ်ဆိတ် အိမ်တော်လေးက
အခုဆို အရာရာ စိုစိုပြေပြေ။
အိမ်လည်လာသူတိုင်းက အိမ်တော်ရဲ့ပြောင်းလဲမှုတွေကို
တအံ့တသြဖြစ်နေကြသည်။"ညက ကျန်းချန်Phoneဆက်တယ်။သူ့ယောင်္ကျား
ရှီးချန်ကော ပြန်မလာလို့တဲ့။""ရှီးချန်က အလုပ်သိပ်ကြိုးစားတာ။ဆတ်ဆတ်ထိမခံ
ကျန်းချန်နဲ့ညားတော့ သူတို့ရန်မဖြစ်တဲ့နေ့မရှိဘူး။""ရန်ဖြစ်တယ်သာပြောတာပါ။ကျန်းချန်ကသာ
အာပေါက်မတတ်ပြောနေတာ။ရှီးချန်ကောက
ခပ်ပြုံးပြုံးလေးပဲ"ထမင်းဝိုင်းမှာ ကျန်းချန်တို့အိမ်ထောင်ရေးကို
အတိုင်အဖောက်ညီစွာပြောနေတဲ့
ဝမ်းပါးပါးနဲ့ရိပေါ်စကားတွေကိုသူခပ်ပြုံးပြုံးလေးသာ
နားထောင်နေလိုက်သည်။"ရှောင်းကျန့်..နေမကောင်းဘူးလား!"
ငြိမ်ချက်သားကောင်းနေတဲ့သူ့ကြောင့် ရိပေါ်က
သတိထားမိစွာသူ့နဖူးပေါ်ခပ်ဖွဖွလေးကျလာတဲ့
လက်ဖဝါးလေးကြောင့်မျက်လုံးတွေမှိတ်ကျတဲ့ထိ ပြုံးပြမိသည်။"ကောင်းပါတယ်။ဒီတိုင်း !"
"ငါ Companyမသွားဘဲနေလိုက်ရမလား!"
"သွားပါ။ငါနေကောင်းပါတယ်!"
အဆင်ပြေကြောင်းပြုံးပြမိတော့မှ ရိပေါ်က
စိတ်သက်သာသလိုသက်ပြင်းလေးချပြီး"ငါနဲ့ပါးပါး ညနေ ၃နာရီလောက်အရောက်ပြန်လာခဲ့မှာ။
ရိကျန့်လေးကိုလည်း မူကြိုကျောင်းကနေ
ဝင်ခေါ်ခဲ့လိုက်မယ်!""အင်း!စိတ်ချချသွား။ငါအိမ်မှာ လိမ်လိမ်မာမာ
နေခဲ့မယ်!""အရေးအကြောင်းဆိုPhoneဆက်နော်။
နိုင်ငံခြားရှယ်ယာရှင်တွေ့ဆုံပွဲမိုလို့သာ။
မဟုတ်ရင် မသွားဘူး!""သွားပါဆိုကွာ။မင်းတို့အစောပြန်လာမှာပဲဟာ။
အိမ်မှာ အိမ်ဖော်တွေလည်းရှိပါတယ်!"သူပြောလိုက်ခါမှ ရိပေါ်က နဖူးပေါ်ခပ်ဖွဖွလေး
နမ်းရင်း ဆံစတွေကိုဖွလာသည်။
YOU ARE READING
Represented by Cinderella{Completed}
FanfictionCinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယျ Cinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယ်