"Cinderellaလေးကို မင်းသားလေးက
ဖန်ဖိနပ်လေးပိုင်ရှင်မှန်းသိသွားပြီး
နန်းတော်ကိုခေါ်သွားတယ်။
ပြီးတော့လက်ထပ်လိုက်ကြတယ်တဲ့။
တစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နေသွားကြပြီး
ကလေးတွေအများကြီးမွေးတယ်။
ပုံပြင်လေးက အဲ့တာပဲ"စာအုပ်ပြာလေးကိုပိတ်လို့ ရင်ခွင်ထဲက
ရိကျန့်လေးကိုငုံ့ကြည့်လိုက်တော့
သွားကျိုးလေးနဲ့မော့ကြည့်တဲ့ကလေးလေးက"Cinderellaလေးပျော်နေမှာပေါ့နော်။"
"ဒါပေါ့သားရဲ့.."
"အဲ့တာဆိုရိကျန့်ကို Snow whiteပုံပြင်လေး
ဆက်ပြောပြ။""အဲ!!"
မြန်မြန်ပြီးစေချင်လို့အတိုချုပ်ပြောခါမှ
နောက်တစ်ပုဒ်ဆီဦးတည်နေတဲ့သားတော်မောင်ကြောင့်
ဆိုဖာပေါ်ကရိပေါ်ကိုတစ်ချက်လှမ်းကြည့်လိုက်မိတယ်။နှာကစ်နေတဲ့ရိပေါ်ကတော့ ရိကျန့်ကို
မကြည်ကြည့် ကြည့်နေလေပြီ။"မင်းသွားအိပ်ရင်အိပ်တော့လေ။"
"မအိပ်ပါဘူး။တစ်ယောက်တည်းမအိပ်ချင်ဘူး"
ကလေးဆိုးကြီးလုပ်နေတဲ့ရိပေါ်က
ရှောင်းကျန့်ကိုအပါခေါ်မည့်ပုံ။
အခုမှ ရိကျန့်ကလည်းတော်တော်နဲ့မအိပ်ဘဲ
ပုံပြင်စာအုပ်တွေရှေ့ချလို့ဖတ်ခိုင်းနေသည်မှာ
မပြီးနိုင်တော့။"ဒီပုံပြင်တွေပဲအပ်ကြောင်းထပ်နေပြီ။ခုထိ
နားထောင်လို့မ၀သေးဘူးလား?""အဲ့တာဆို ပါးပါးနဲ့ညတိုင်းအိပ်နေတဲ့Daddy
ကရော အိပ်လို့မ၀သေးဘူးလား။"ကလေးစကားက အဓိပ္ပါယ်တစ်မျိုးဆိုပေမဲ့အရှက်သည်းတဲ့ယုန်
ငတုံးလေးက မျက်လွှာလေးချသွားကာ
ပါးလေးတွေရဲလာရှာသည်။"ဟုတ်တယ်။မ၀သေးဘူး။မင်းပါးပါး
မပါရင်မအိပ်တတ်ဘူးကွာ""မအိပ်တတ်ရင် ထိုင်စောင့်။Snow white
ဖတ်ပြပေးပြီးရင်ပါးပါးကို ပြန်ပေးမယ်။Ok?"လက်ညိုးနဲ့လက်မကိုဝိုင်းကာ အဆင်ပြေလား
ဆိုတဲ့သင်္ကေတလေးနဲ့သားတော်မောင်က
ရိပေါ်ကိုခပ်ချေချေဖဲ့လိုက်တာမို့
YOU ARE READING
Represented by Cinderella{Completed}
FanfictionCinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယျ Cinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယ်