Part 20

19K 2.7K 150
                                    

Suitအနက်လေးနဲ့ငတုံးကိုသူထိုင်ကြည့်နေမိတာ
ဘယ်လောက်ကြာပြီလဲတောင်မသိတော့ဘူး။
ရောင်စုံမီးစိုင်းတွေရဲ့အလင်းရောင်နဲ့တောင်
ငတုံးပါးလေးက ရဲနေတယ်။

"ငါ...ငါ့လက်ကိုလွှတ်အုံး.. "

သေချာသတိထားမိမှ သူငတုံးလက်ကို
ကိုင်ပြီး တစိမ့်စိမ့်ကြည့်နေမိတာပဲ။
လွှတ်ပေးလိုက်တော့ အသနားရသွားတဲ့
လက်လေးတွေက သူ့လည်ပင်းကို
အကြောင်းမရှိပွတ်သပ်နေပြန်တယ်။

သူအခုချိန်ထိ ငတုံးကိုကြည့်လို့မ၀သေးဘူး။

"ငါ...ဘာလက်ဆောင်မှတော့မပါဘူး..."

"ရတယ်...မင်းလာလို့ ငါလက်ဆောင်
မလိုချင်ဘူး..."

"အဲ့လိုတော့ဟုတ်မလား...ငါလည်းပေးချင်တာပေါ့."

"အဲ့တာဆို ငါတောင်းဆိုတာလိုက်လျောပေး.."

"ပေါက်ကရတော့မတောင်းနဲ့နော်...!"

ကတိမပေးခင်ဈေးစစ်သေးတဲ့ ငတုံးကို
ဖက်ပြီးသာ နမ်းပစ်ချင်သည်။

"ငါလိုမှတောင်းမယ်...ခုတော့ ..."

မွေးနေ့ကိတ်ကြီးတစ်ခုကို တွန်းလှည်းလေးနဲ့
ယူလာတဲ့ Bodyguardတွေနဲ့အတူ
ငတုံးက တအံ့တသြလေးကြည့်နေရှာသည်။

အခု ပွဲနေရာမှာ ငတုံးရယ်သူရယ်
Bodyguard အယောက် ၃၀ရယ်ပဲရှိတာ။
မသိရင် ဒီပွဲက ငတုံးရဲ့မွေးနေ့ပွဲလေးလိုပဲ။
မွေးနေ့ရှင်က Surpriseပြန်လုပ်ပေးရတဲ့
ပွဲမျိုးပေါ့။

"Happy Birthdayပါ ၀မ်သခင်လေး..
ယနေ့မှစပြီး နှစ်ပေါင်းများစွာ ချစ်ရသူတွေနဲ့
ပျော်ရွှင်စွာနေသွားနိုင်ပါစေ...!"

Bodyguardတွေရဲ့ မွေးနေ့ဆုတောင်းစကားကို
သူမကြား။သူ့မျက်လုံးက ငတုံးဆီမှာပြေးကပ်နေတာ
ခွာလို့မရခဲ့လို့။

"Happy Birthdayရိပေါ်....
၁၈နှစ်ပြည့်မွေးနေ့ကစလို့ နောင်နှစ်ပေါင်းများစွာတိုင်း
ပျော်ရွှင်နိုင်ပါစေနော်..."

ရုတ်တရက်သူ့မျက်နှာကြီးဖြီးသွားရတယ်။
ငတုံးက သူ့အသက်ကိုသိတယ်ပေါ့ ဆိုပြီး။

"ငါ၁၈ပြည့်တယ်ဆိုတာ ဘယ်လိုသိတာလဲ.."

"ဟိုမှာလေ.."

Represented by Cinderella{Completed}Where stories live. Discover now