Part 86

14.2K 1.7K 134
                                    

တစ်နေကုန်အိမ်မှာနေရတ ပျင်းသည်ဆိုတဲ့
ရှောင်းကျန့်ကို ရိပေါ်က သူ့Companyကို
ခေါ်ခေါ်သွားသည်။ရှောင်းကျန့်စိတ်အခြေအနေ
ကျဆင်းချိန်ကို မရှိလောက်အောင် အရိပ်တကြည့်ကြည့်နဲ့
ဂရစိုက်ပေးတဲ့သူ။လိမ်မာလာတဲ့ ရှောင်းကျန့်က
သူ့စကားတစ်ခွန်းဆို ရောင့်တက်လာတယ်ဆိုတာမျိုး
မရှိတော့ဘဲ သူထားတဲ့နေရာမှာ ပျော်သလို
နေတတ်လာသည်။

ဒီနေ့ ရုံးခန်းက စားပွဲပေါ်မှာ အလုပ်လုပါနေရပေမဲ့
စိတ်က ရုံးခန်းရဲ့ဆိုဖာပေါ်က သားဖနှစ်ယောက်
ဆီမှာ။ကိုယ်အရမ်းသည်းသည်းလှုပ်အောင်
ချစ်ရတဲ့ အရာရှိနေရင် ဘာအလုပ်မှမဖြစ်ဖူးဆိုတာ
တကယ်မှန်တာပင်။သူလည်းအခု သားတော်မောင်နဲ့
အချစ်တော်ကို ရုံးခန်းထဲထည့်ထားပြီး
စိတ်က အလုပ်မှာအာရုံမရ။ထပြေးပြီး ထိုသားဖကိုသာ
တင်းအောင်ဖက်ရင်း အားရပါးရ နမ်းရိုက်ချင်စိတ်က
ခပ်များများရယ်။

"ပါးပါးညစ်တယ်။ရိကျန့်မဆော့တော့ဘူး!!"

Gameဆော့နေရင်းက ရိကျန့်ရဲ့အော်သံကျယ်ကျယ်လေးကသူ့နားစည်ကို
ရိုက်လာတော့လုပ်လက်စရပ်ရင်း လှမ်းကြည့်မိသည်။
အလိုသိတဲ့ငတုံးလေးက တိုးတိုးနေဖို့
ရိကျန့်ကိုဟန်ရေးပြလို့ သူ့ရင်ခွင်ထည့်ရင်း
ကလေးကို ချော့မြူနေသည်။

"ငါMeetingတက်ရအုံးမယ်။ပြီးရင် ငါ့
အတွင်းရေးမှူးကောင်မလေးကို လာခေါ်ခိုင်း
လိုက်မယ်နော်။လုပ်ငန်းရှင်တွေကိုလိုက်ပို့ရင်း
Car parkingကနေ ကြိုစောင့်နေမယ်"

ရိပေါ်စကားကို ခေါင်းငြိမ့်ရင်းအဖြေပေးမိတော့
သူ့နဖူးလေးကို မမေ့မလျော့ နမ်းရိုက်သွားတဲ့ချစ်သူ။
ရိကျန့်လေးပါးပြင်တစ်ဖက်ဆီကိုလည်း
အနမ်းချွေရင်း နှုတ်ဆက်သွားရှာသည်။

"လိမ်လိမ်မာမာနေခဲ့ကြ!!"

ဆွဲဖွသွားတဲ့ဆံစပျော့ပျော့လေးတွေကြားထဲက
ရိပေါ်ကိုထပ်ပြုံးပြမိတော့ သူ့ကို ကြည့်ရင်း
ခပ်ပြုံးပြုံးသက်ပြင်းချတဲ့ရိပေါ်။

ဒီလောက်ချောတဲ့ကောင်လေးကိုရထားပြီး
အလုပ်တွေကုန်းလုပ်နေရတဲ့ ဘ၀မှာ
မပျော်ချင်တော့ဘူး။

Represented by Cinderella{Completed}Where stories live. Discover now