Part 55

19.5K 2.3K 154
                                    

နေရောင်ခြည်ဖျော့ဖျော့က မျက်နှာပေါ်
ကျလာတော့ လေးပင်လာတဲ့ မျက်လုံးတွေကို
အတင်းနဲ့ ဆွဲဖွင့်ရသည်။

သတိ တရကြည့်မိတော့ ရင်ခွင်ထဲက
ငတုံးလေးက အခုထိ အိပ်မောကျနေတုန်း။
မျက်နှာထက်က ကြည်နူးမှုတွေကြောင့်
အပြုံးတွေ ဖြစ်ပေါ်လာရပြန်ရော။

နဖူးလေးကို စမ်းကြည့်လိုက်တော့
ကိုယ်မပူတဲ့ ငတုံးကြောင့် သက်ပြင်း
ချလိုက်ရသည်။

"အင်း......"

ပျင်းကြောလေးဆွဲကာ နိုးထလာပုံလေးက
ချစ်စရာအတိ။ဒီကလေးအဖေလေးကို
ပိုက်ဆိုင်ခွင့်ရခဲ့တဲ့ ကိုယ့်ကိုကိုယ်ပင်
ဂုဏ်ယူမဆုံးဖြစ်ရသေးသည်။

ကိုယ့်ကိုမြင်တော့ လန့်သွားတဲ့ ရှောင်ကျန့်က
ချက်ချင်း ထပြေးဖို့လုပ်ပေးမဲ့
လက်တွေနဲ့ ဖမ်းချူပ်ပြီး ကိုယ်သေးသေးလေးကိုရင်ခွင်ထဲ ညှပ်ထားလိုက်တော့

"ရိပေါ်..လွှတ်စမ်း.."

"မလွှတ်တော့ ဘာဖြစ်လဲ။မင်းငါ့ကို
နိုင်ဖူးလို့လား.."

"လွှတ်လို့ပြောနေတယ်နော်။"

"မလွှတ်ဘူးကွာ..."

ပိုတင်းကြပ်အောင်ဖက်ပြီး နှုတ်ခမ်း
ရဲရဲလေးကို အားရပါးရ ဖိကပ်နမ်းလိုက်သည်။
ရင်ဘတ်ကိုတွန်းလာတဲ့ လက်သေးသေးလေးကအစ
ချစ်မ၀ခဲ့။

"ငါ့ကို အနိုင်မကျင့်နဲ့။ဖယ်ကွာ..ငါအိမ်ပြန်မို့.."

"ဒီမှာပဲ မင်းနေရမှာ။ဘယ်အိမ်မှ
ပြန်ဖို့တွေးမနေနဲ့.."

"ငါမနေဘူး..."

"ငါကလည်း ပြန်မလွှတ်ဘူး.."

အနည်းငယ်ထော်လာတဲ့ နှုတ်ခမ်းလေးက
ရန်တွေ့ချင်ပေမဲ့ ဘာစကားမှ
ထွက်မလာ။

အသည်းယားလို့ ငုံ့နမ်းပစ်လိုက်တော့
မျက်ခုံးလေးတွေ အလယ်ကို
စုကုန်သည်။

"ထ...ရေချိုးမယ်.."

လွှတ်ပေးလိုက်တာနဲ့ ရှောင်ကျန့်က
သူ့ကိုတွန်းထိုးလို့ အခန်းပြင်ကို ထွက်ပြေးတယ်။
အပြင်ကနေ Lockချလိုက်တဲ့
ငတုံးကြောင့် ဒေါသက ထောင်းခနဲ။

ရှောင်ကျန့် အခန်းထဲက
ထွက်လာတဲ့ ရိကျန့်လေးကို ချီလို့
အိမ်ပြင်ဘက်ကို ထွက်ပြေးတော့
နောက်နေ ပြေးလိုက်လာတဲ့လူတွေ။

Represented by Cinderella{Completed}Where stories live. Discover now