Zawgyi
"သခင်လေး....သခင်ကြ်ီးက
ခေါ်နေပါတယ်...""လာပြီ..."
ပါပါးဆိုသည်မှာ ရိပေါ်အကြောက်ရဆုံးသူ။
လေးစားတာဆိုပိုမှန်လိမ့်မည်။
ချစ်ကြောက်ရိုသေဆိုတာ ရိပေါ်ဘ၀မှာ
ပါပါးတစ်ယောက်သာ ရှိသည်လေ။ပါပါးကရိပေါ်ကို ကလေးလေးတစ်ယောက်လိုချစ်သလို
လူကြီးတစ်ယောက်လိုလည်း နေစေချင်သည်။ငွေဂုဏ်မောက်တယ်ဆိုတဲ့စကားက
ရိပေါ်အတွက်ပါပါးရဲ့ လက်သုံးစကား။မာမားဆုံးပြီးတည်းက ရိပေါ်ကို
မိတဆိုးလေးမို့ အလိုလိုက်သင့်သလောက်
လိုက်ခဲ့သော်လည်း
ရိပေါ်ကကို မွေးရာပါ ဂြိုလ်နဲ့လူ။အခုလို အခေါ်တော်လွှတ်ရင်လည်း
ရိပေါ်ချက်ချင်းပြေးရသည်။
မဟုတ်လျှင် ဆိုင်ကယ်တစ်စီး
အပေါင်ဆိုင်ရောက်သွားလိမ့်မည်။"ပါပါး...သားကိုခေါ်တယ်ဆို.."
"အင်း...စာတွေရောလိုက်နိုင်ရဲ့လား..."
"ဒါများမေးစရာလားပါပါးရယ်။
သားဘယ်တုန်းကစာလုပ်လို့လဲ...""အဲ့တော့ စာတွေမရဘူးဆိုတဲ့သဘောပေါ့"
"ဟင့်အင်း...တစ်လုံးမှကိုမသိတာ.."
"၀မ်ရိပေါ်!!!!"
ရိပေါ်ဇတ်လေးပုကာ နားနှစ်ဖက်ကိုပိတ်လိုက်ရသည်။
ဘေးနားက Bodyguardတွေက
တိတ်တိတ်လေးခိုးရယ်ကြသည်။
ရိပေါ်တစ်ချက်ကြည့်လိုက်တော့
သူတို့ရဲ့မျက်နှာတွေကို အသည်းအသန်
ပြန်တည်ထားရပေမဲ့ ပြုံစစနှင့်။ဒါပါပါး ရိပေါ်ကို သပ်သပ်အရှက်ခွဲတာ။
"မင်းကို Guideခေါ်ပေးမှ
ရတော့မယ်။ငါကိုယ်တိုင် မင်းကို
သေချာကြီးကြပ်မှဖြစ်တော့မယ်
ရိပေါ်...""ပါပါးလုပ်ချင်တာလုပ်နေတာပဲဟာ။
ခေါ်ချင်ခေါ်ပေါ့။"ပြောပြီး အိမ်ပေါ်တတ်ပြေးသွားတဲ့ရိပေါ်က
ပါပါးကို အဲ့လိုလည်း အနိုင်ကျင့်တတ်သေးသည်။ရိပေါ်ကိုသင်ဖို့
ရောက်လာသမျှGuideဆရာတွေအကုန်လုံး
စိတ်ဆိုးမာန်ဆိုးနဲ့ပြန်ထွက်သွားကြတာတွေချည်း။
YOU ARE READING
Represented by Cinderella{Completed}
FanfictionCinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယျ Cinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယ်