Part 81

13.2K 1.8K 234
                                    

မျက်လုံးအစုံမဖွင့်နိုင်သေးခင်သူ့နှာခေါင်းထဲ
တိုးဝင်လာတဲ့ဆေးနံ့သင်းသင်းများ။
တရိပ်ရိပ်ပြေးလွှားလာတဲ့ပုံရိပ်တွေနဲ့အတူ
သူ့အသိထဲ အဖြစ်အပျက်များကတိုးဝင်လာသည်။

"ရှောင်းလေးသတိရလာပြီ!!"

ဝမ်ပါးပါးရဲ့အသံကိုကြားမိပြီးနောက် ဖွင့်ဖို့
ကြိုးစားမိတဲ့ သူ့မျက်လုံးတွေ။
အေးစက်နေတဲ့လက်ဖဝါးတွေရဲ့လစ်လပ်မှုဟာ
ချစ်သူမဆုပ်ကိုင်ပေးထားမှန်းသိရတော့
ရင်ထဲ ၀မ်းနည်းမှုအချို့ကြီးစိုးရပြန်သည်။

"ရှောင်းလေး။!!"

"ပါးပါး!!"

"ဘာမှမဖြစ်ဘူးနော်။စိတ်ချ။
ကလေးကိုကယ်လိုက်နိုင်တယ်"

"တ..တကယ်လားဟင်!!"

ခေါင်းငြိမ့်ပြတဲ့ ၀မ်ပါးပါးကြောင့် မျက်ရည်များကြား
ထပ်ပြုံးမိသည်။သတိ တရဖြစ်မိချိန်မှာ
သူ့မျက်လုံးအစုံက ချစ်သူကိုရှာနေမိပြီ။

"ပါးပါး။ရိပေါ်ရော!!"

"သြော်...သူ..သူလား?အလုပ်ရူပ်နေလို့ကွဲ့။
လာပါလိမ့်မယ်။သားသတိမေ့နေတာ ၂ရက်ရှိပြီလေ!"

မြင်မြင်ချင်း ချစ်သူကိုမတွေ့လိုက်ရလို့
ဝင်သွားမိတဲ့မတင်မကျစိတ်လေးကို
သက်ပြင်းချရင်းသာတားဆီးလိုက်သည်။

"ဖြေးဖြေးလှဲ။သားခွဲစိတ်ထားရတယ်"

ထပ်တိုးလာတဲ့ ချုပ်ရိုးကြောင်းလေးကို
တသသဖြစ်နေတဲ့ပါးပါးကြောင့် ရှောင်းကျန့်ပြုံးမိရသေး။

"နားနားနေနေ နေ။ပါးပါးစောင့်ပေးမယ်"

"ရိပေါ်က မလာဘူးလား"

"လာမှာပါ။အခုတော့နားလိုက်အုံး
ဟုတ်ပြီလား။ဆရာဝန်က နောက်၃ရက်လောက်နေရင်
ဆေးရုံက ဆင်းလို့ရပြီတဲ့။"

ခေါင်းကိုအသာငြိမ့်ပြလို့ ကုတင်ထက်မှာ
ပြန်မှေးနေလိုက်သည်။

ငါကလေးလေးကိုပြန်ခေါ်လာနိုင်ခဲ့ပြီချစ်သူ။

〰️〰️〰️〰️〰️

စီးကရက် ငွေ့တွေက ကောင်းကင်သို့
လွတ်လပ်စွာပျံတက်သွားသည်။
မလုပ်ဖူးတဲ့အရာကိုလုပ်ရတာ အရသာတော့
ရှိသား။

Represented by Cinderella{Completed}Where stories live. Discover now