Part 17

18.6K 2.6K 87
                                    

ကျောင်းရောက်ရောက်ချင်းသစ္စာမရှိတဲ့
ခြေထောက်က F3အခန်းကိုရောက်သွားတယ်။
သူမသွားချင်ပါဘူး...ဒီလိုပဲ သူ့ဘာသာသူ..

သူလာတာနဲ့ ကောင်မလေးတွေရဲ့အော်သံက
ညံစီသွားတယ်။ဒါတွေသူဂရုမစိုက်ဘူး။
သူဂရုစိုက်တာငတုံးပဲ။အခုရှောင်ကျန့်ကို
အရမ်းတွေ့ချင်တယ်။ပြီးတော့
သူပေးထားတဲ့ဖိနပ်လေးစီးထားလားကြည့်ချင်တယ်။

"၀မ်ရိပေါ်!!!!!"

F3အခန်းရှေ့မတ်တပ်ရပ်လိုက်တာနဲ့
ထွက်လာတဲ့ ကောင်မလေးတွေရဲ့အသံတွေ။
ဘောင်းဘီအိပ်ကပ်ထဲ လက်နှစ်ဖက်ကို
ထည့်ကာဟန်ပါပါလျှောက်ရင်း
အခန်းထဲကိုဝေ့၀ိုက်ကြည့်မိလိုက်တော့....

သူ့ကို ဂရုမစိုက်တဲ့ရှောင်ကျန့်က
လူတစ်ယောက်ကိုစာရှင်းပြနေတယ်...
သေသေချာချာ...ပြီးတော့....
ပြုံးပြုံးရွှင်ရွှင်....

ခြေလှမ်းကျဲတွေနဲ့ သူတို့ဆီအရောက်သွားပြီး
ရှင်းပြနေတဲ့စာအုပ်ကို ဆွဲလွှတ်ပစ်လိုက်တယ်။
ငတုံးမော့ကြည့်လာပြီ...ပြီးတော့ သေချာပြောတယ်။

"ဘာလုပ်တာလဲရိပေါ်!!"တဲ့

လွှင့်ပစ်ခံလိုက်ရတဲ့စာအုပ်လေးကတောင်
ပြန်အလှောင်ခံရမဲ့အနေထားမှာ
စိတ်တိုလွန်းလို့ ရှောင်ကျန့်ကိုသာ
ကိုင်ပေါက်ပစ်ချင်တယ်။

"လွှတ်ပစ်တာလေ...မင်းမမြင်ဘူးလား.."

"ကျစ်...ဒါစာအုပ်နော်။မင်းတန်ဖိုးမထားတတ်တိုင်း
လျှောက်မလုပ်နဲ့...ငါမကြိုက်ဘူး.."

ငတုံးက မျက်စောင်းထိုးရင်း သူ့ကိုကျော်တတ်ကာ
စာအုပ်ကိုသွားကောက်တယ်။
ပြီးတော့ ဟိုကောင့်လက်ထဲ
စာအုပ်ကို ရိုရိုသေသေပေးရင်း

"Sorryနော်...ပြီးမှငါရှင်းပြတော့မယ်။
ဒီညနေ တစ်နေရာမှာဆုံမယ်လေ။
ငါအားတယ်..."

ထိုကောင်က ရှောင်ကျန့်ကိုပြုံးပြတယ်။
ရိပေါ်ကိုရောပဲ...ဒါပေမဲ့ လှောင်ပြုံး။
သေချာကြည့်မှဒီကောင်က ကျောင်းသားသစ်ပဲ။

"ဘာကိစ္စလဲဝမ်ရိပေါ်...မင်းမှာလည်း
ငါ့ကိုဒုက္ခမပေးတဲ့နေ့မရှိဘူး..."

ဒုက္ခပေးတာ...ရိပေါ်က သူ့ကို
ဒုက္ခပေးနေတာတဲ့လား....

လက်ထဲလာထိုးထည့်တဲ့ ပစ္စည်းဖာလေးကြောင့်
ငတုံးကိုသူဒေါသထွက်စွာကြည့်လိုက်မိတယ်။

Represented by Cinderella{Completed}Where stories live. Discover now