Part 79

12.5K 1.7K 186
                                    

"မင်းအလုပ်တွေကမပြီးသေးဘူးလား။ငါအိပ်ချင်ပြီ"

ရိပေါ် အလုပ်စားပွဲပေါ်မေးတင်လို့
ယုန်ပေါက်လေးချွဲသလိုချွဲပြတော့
ရိပေါ်က မနေနိုင်မထိုင်နိုင် ခေါင်းလုံးလေးကို
လာနမ်းရိုက်တယ်။ပြီးတော့သူ့အလုပ်သူ
ပြန်လုပ်နေတော့တာမို့ ရှောင်းကျန့်
သိပ်မကြည်တော့။

အခုတလောစိတ်လည်းဆတ်တတ်လာသလို
ဘာတွေ့တွေ့ အပြစ်ပဲမြင်ချင်နေတာ။

"အိပ်မယ်လို့!!"

"အိပ်နှင့်ကွာ။မနက်ဖြန် အစည်းအဝေးရှိလို့"

တအားနဲ့အလုပ်ကြိုးစားနေတဲ့လင်တော်မောင်ကို
အရင်ကချီးကျူးရင်ချီးကျူးခဲ့မည်။အခုများတော့
သွေ့ပုချိ။

"နေနေ..ငါ့ဘာသာပဲအိပ်တော့မယ်"

ဆောင့်အောင့်ပြီး ကုတင်ပေါ်သွားထိုင်နေလိုက်သည်ထိ
ရိပေါ်ရောက်မလာသေး။ရုတ်တရက်ရေဆာလာတာမို့
ကုတင်ဘေး စားပွဲလေးပေါ်က ရေကရားကို
မမှီမကမ်းဆွဲယူလိုက်တော့
ဖန်စကျကွဲသံနဲ့အတူ ရိပေါ်ရဲ့အာရုံက
သူ့ဆီအလန့်တကြားရောက်လာသည်။

"သွေ့ပုချိ..ငါရှင်းလိုက်မယ်"

ကုတင်ပေါ်ကနေလွှားခနဲဆင်းမယ်ပြင်တော့
ငယ်သံပါအောင်အော်တဲ့ရိပေါ်အသံကြောင့်
ဇာတ်ကလေးပင်ပုသွားရတဲ့ရှောင်းကျန့်။

"Yarrr...ဖန်ကွဲစတွေမမြင်ဘူးလား"

အနားကိုဘယ်လိုရောက်လာမှန်းမသိတဲ့ရိပေါ်က
သူ့ကိုအတင်းနဲ့ကုတင်ပေါ်ဆွဲတင်ကာ
ဟိုစစ်ဒီစစ်။

"တောက်!!"

ခပ်ကျယ်ကျယ်တောက်ခေါက်သံနဲ့အတူ
သူ့မျက်လုံးတွေကို Eye maskနဲ့
ဖုံးဖို့ကြိုးစားနေတဲ့ရိပေါ်။

"ဘာ .ဘာဖြစ်လို့လဲဟင်"

"ခြေထောက်ဖန်ကွဲစရှသွားတယ်။ကိုယ်ဝန်ဆောင်တွေက
သွေးသံရဲရဲတွေမြင်လို့မရဘူး"

နာကျင်တဲ့ခံစားချက်လည်းမရှိပါဘဲ
ဒဏ်ရာရထားသည်ဟုပြောတော့ သူ့မှာ
ခပ်ကြောင်ကြောင်ရယ်။

ရေစိုဝတ်တွေနဲ့အသေအချာ ရှင်းလင့်းပီးတဲ့
ရိပေါ်က အတော်ကြာမှသူ့Eye maskကို
လာဖြုတ်ပေးသည်။

Represented by Cinderella{Completed}Where stories live. Discover now